ရေကြီးရေလျှံမှုတွေကတော့ နိုင်ငံတော်တော်များများ ကြုံတွေ့နေရတဲ့ဘေးဒုက္ခတစ်ခုပါပဲ။ယခုအခါမှာလည်းကမ္ဘောဒီးယားနိုင်ငံမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လွန်ခဲ့သော ရက်သတ္တပတ် ၄ ပတ်အတွင်း ရေကြီးမှုကြောင့်သေဆုံးသူ ၁၈ဦးအထိရှိနေတယ်လို့သိရပါတယ်။ယင်းသေဆုံးမှုတွင် ကလေးငယ် ၈ဦးပါရှိတယ်လို့လည်းသိရပါတယ်။

ရေဘေးကြောင်းဒုက္ခတွေများစွာရောက်ရှိခဲ့ပြီး ဖြစ်စဉ်မှာ မဲခေါင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီဖြစ်ပွားခဲ့မှုကြောင့် မဲခေါင်မြစ်ဝှမ်း တလျှောက်ရှိ ပြည်နယ် ၆ ခုမှာရေလွှမ်းမိုးခံခဲ့ရပြီး မိသားစု ၈၃၀၀၀ကျော် ရေဘေးသင့်ခဲ့ရပါတယ်။နောက်ပြီးရေဘေးသင့်ခဲ့ရာ ၇၂၀၀ကျော်ကို ဘေးလွတ်ရာကုန်းမြေမြင့်သို့ပြောင်းရွှေ့ခဲ့ရတယ်လို့လည်းသိရပါတယ်။

ရေကြီးမှုကြောင့် ဆုံးရှုံးနစ်နာမှုတွေများစွာ ရှိခဲ့ပြီး ရေဘေးကြောင့် စပါးဧက ၄၅,၀၀၀ ခန့် ရေနစ်မြုပ်ခဲ့ရတယ်လို့လည်းသိရပါတယ်။ယခုလက်ရှိအချိန်ကတော့ ကမ္ဘောဒီးယားတွင် ရေကြီးရေလျှံဖြစ်လေ့ရှိသည့်ကာလလို့လည်းသိရပါတယ်။ယခုလို မဲခေါင်ရေကြီးမှုကြောင့် Stung Trengအပါအဝင် ပြည်နယ်အများအပြားတွင် စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီလို့လည်းဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ်-Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။