ချစ်ပရိသတ်ကြီးရေ ဗီဒီယိုရုပ်ရှင် ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်ရင်း ပရိတ်သတ်အသိမှတ်ပြုခံထားရတဲ့ မင်းသား မင်းထက်ဟာ လတ်တလောမှာတော့ မင်းသမီးစိုးနန္ဒာကျော်နဲ့ ပက်သတ်ပြီး ဝေဖန်မှုတွေ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ထွက်ပေါ်နေတာတွေ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဖွင့်ချလာခဲ့သူက တော့ မင်းထက် ရဲ့ ဇနီးဖြစ်သူ နှင်းအိရွှေရည်ပါ ။

နှင်းအိရွှေရည်က တော့ စိုးနန္ဒာကျော်ကို အခုလိုတည့်တည့်ပြောထားပါတယ်။ "မင်းသမီးလေးရေ..ကိုယ့်မွေးနေ့မှာ ကိုယ့်ကြောင့်စိတ်ဆင်းရဲသောကရောက်နေရတဲ့ မိသားစုနဲ့ အဖေအမေတွေကိုပဲ အရင်စိတ်ချမ်းသာအောင်ထားလိုက်ရင်ပိုပြီးကုသိုလ်ပိုရမှာပါ.....ရေဘေးသင့်ပြည်သူအတွက်အလှူဆိုတာကြီးကိုအကြောင်းပြပြီး သူများလူရဲ့အနားမှာကနေ မခွာပဲ တိတ်တိတ်ပုန်း ဟန်းနီးမွန်းခရီးကို အလှူဆိုပြီးခေါင်းစဉ်တပ်..အလှူငွေတွေကောက်ပြီး ပရိတ်သတ်ဆီက ဂရုဏာတွေချွေအုံးမလို့လား sis....sisကြောင့်နှလုံးရောဂါထနေရတဲ့ ကိုယ့်အမေမျက်နှာလေးပြန်ကြည့်ပါအုံးလားsisရေ." လို့ ရေးသားထားတာကိုတွေ့ရပါတယ်။

ဆက်လက်ပြီး စိုးနန္ဒာကျော်ကို "အိမ်မပြန်ပဲ နေနေတာလည်းအခုဆိုရင်၂လကျော်ပြီလေနော်..အစ်မကတော့အဲ့ဒါပဲပြောချင်တယ်..by name တပ်ပြောချင်ပေမဲ့ sis မိဘတွေမျက်နှာကြောင့် အစ်မအခုထိနာမည်တပ်မပြောသေးဘူး..ဘယ်နေ့တော့ပြောမိမလဲအစ်မလည်းကိုယ့်ကိုယ်ကိုအာမ မခံနိုင်ဘူး....။ sisရဲ့အမှားတွေပြင်ဆင်ဖို့ အချိန်သိပ်မကျန်တော့ဘူးနော်sisလေး....။ ကဲ..တစ်လောကလုံးကိုချပြဖို့အဆင့်သင့်ဖြစ်လောက်ပါပြီနော်..အစ်မလည်းပြင်ဆင်ဖို့အချိန်ပေးသင့်သလောက်ပေးပြီးပြီပဲ..အစ်မ မလွန်တော့ပါဘူးနော်" တဲ့ ။ လက်ရှိမှာတော့ သရုပ်ဆောင် မင်းထက်ဟာ သူ့ရဲ့ အိမ်ထောင်ရေးအကြောင်းအရာကို ဖွင့်ဟပြောကြားထားတာမရှိသေးသလို နှင်းအိရွှေရည် ရဲ့ ရေးသားထားချက်တွေကိုလည်းတုန့်ပြန်ထားတာ မတွေ့ရသေးပါဘူး ။ နှင်းအိရွှေစင် ရဲ့ ရင်ဖွင့်မှုတွေအပေါ်ပရိသတ်ကြီးရဲ့ အမြင်တွေသဘောထားတွေကို မှတ်ချက်မှာရေးသားခဲ့ကြဖို့ မမေ့နဲနော်။

Source - Hnin Ei Shwe Yee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။