နယ်ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသားနေထူးနိုင်ကတော့ အနုပညာလောကမှာ ဖိုက်တင်မင်းသား၊သဘာဝမင်းသားလို့ပရိသတ်ကြားရေပန်းစားတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။မေတ္တာဖွဲ့ဇာတ်ကားတွေ၊တိုက်ရည်ခိုက်ရည်အစွမ်းတွေကို ဦးစားပေးထားတဲ့ဖိုက်တင်ဇာတ်ကားတွေအပြင် အနုပညာလောကမှာနေထူးနိုင်တစ်ယောက်သာ ရိုက်ကူးတယ်လို့ဆိုရမယ့်ထူးထူးခြားခြား စွမ်းအားရှင်လူစွမ်းကောင်းများရဲ့ ဇာတ်ရုပ်တွေနဲ့လည်း ပရိသတ်တွေကြားနာမည်ကျော်ကြားနေတဲ့မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ 

လက်ရှိမှာလည်း "ငတုံး"လို့အမည်ရတဲ့ဇာတ်ကားတစ်ကားရိုက်ကူးပုံဖော်နေပြီး ပရိသတ်တွေအတွက် အနုပညာအသစ်တွေတင်ဆက်နိုင်ဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။နေထူးနိုင်ကတော့ အခုရိုက်ကူးနေတဲ့ ငတုံးဇာတ်ကားရဲ့ ရိုက်ကွင်းနေရာအတွက် ကုန်းလမ်း ခြေလျင်လမ်းတွေကို နာရီပေါင်းများစွာဖြတ်ကျော်ကာခက်ခက်ခဲခဲသွားရောက်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် အနုပညာစစ်စစ် သူများနဲ့မတူညီတဲ့ ကွက်ထွက်နေတဲ့ အနုပညာအသစ်တွေချပြနိုင်ဖို့အခုလို ပင်ပန်းခက်ခဲတဲ့လမ်းတွေဖြတ်ကျော်ကားရိုက်ကူးရေးတွေလုပ်နေကြတာပဲ ဖြစ်ပါတယ်။ 

နေထူးနိုင်ရဲ့ လူမှုကွန်ယက်မှာလည်း" ငတုံးဇာတ်ကားနဲ့လိုက်ဖက်မယ့် နေရာကိုကား(၃)နာရီမောင်းရတယ်(ဂဏန်းသွားသလို)ခြေလျင်၄၅မိနစ်ကျော်လမ်းလျောက်ရတယ်မနက်(၅)နာရီထပြီးအဆင်သင့်လိုက်ပါလာသောစက်အဖွဲ့နှင့်ပါဝင်သောအနုပညာရှင်များအားလုံးကျေးဇူးပါ"လို့ရေးသားထားတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအားလုံးကလည်းနေထူးနိုင်ရဲ့ အနုပညာခြေလှမ်းအသစ်တွေအတွက် ရင်ခုန်စွာစောင့်မျှော်နေကြမယ်ထင်ပါတယ်။ငတုံးရိုက်ကွင်းပေါ်ကနေထူးနိုင်ရဲ့ ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - နေထူးနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။