ဒီအဖြစ်အပျက်ကတော့ အာဖဂန်နိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှခရီးသည်တင်ယာဉ် ၃စီးကို တာလီဘန်အဖွဲ့တွေက တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ယခုလိုတိုက်ခိုက်ခဲ့ပြီးခရီးသည် ၁၃၀ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သတင်းများအရ သိရပါတယ်။

ယခုလိုဖြစ်ပွားရခြင်းဟာ အာဖဂန်သမ္မတ အက်ရှ်ရပ်ဖ်ဂါနီက သုံးလ ကြာပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားပြီးနောက်ပိုင်းမှာခရီးသည်တင်ကားများကို တာလီဘန်တွေက တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။သမ္မတက အပစ်အခတ်ရပ်ဆိုင်းရေးကိုလည်းတာလီဘန်တွေက ငြင်းပယ်ထားတယ်လို့လည်းသိရပါတယ်။နောက်ပြီး အစိုးရစစ်တပ်ကိုလည်း တိုက်ခိုက်သွားမယ်လို့လည်းတာလီဘန်ခေါင်းဆောင်က ပြောပါတယ်။

နောက်ပြီး တာလီဘန်ခေါင်ကအစ္စလာမ်ဘာသာရေး အထွတ်အမြတ် ပွဲတော်ကို ကြိုဆို တဲ့ အနေနဲ့ ရန်သူ အကျဉ်းသား ရာနဲ့ ချီပြီးတော့ လွှတ်ပေးဖို့ ရှိတယ်လို့လည်းဆိုပါတယ်။ယခုအခါမှာတော့ အာဖဂန်နစ္စတန် မှာ အစိုးရ စစ်တပ် နဲ့ တာလီဘန် လက်နက်ကိုင် တို့ အကြားမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်နေပါတယ်။သမ္မတက အပစ်အခတ်ရပ်ဆိုင်းရေးတောင်းဆိုထားပေမယ့်လည်း ငြင်းပယ်ထားတာတွေ့မြင်ရပါတယ်။

သတင်းအရင်းအမြစ်-BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။