Justin Bieber ဆိုတဲ့ ယောကျာ်းတစ်ယောက်ထဲကို တစ်ချိန်ထဲ ချစ်ခဲ့ကြတဲ့ ကမ္ဘာကျော်ဆယ်လီ နှစ်ယောက်ဖြစ်တဲ့ Selena Gomez နဲ့Hailey Baldwin ဟာ သူတို့ရဲ့ အနုပညာရပ်ဝန်းတွေမှာ အသီးသီး အောင်မြင်မှု ရရှိထားကြတဲ့ ထိပ်တန်းအမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။Selena Gomez ကတော့ ကမ္ဘာကျော် ပေါ့ခ်အဆိုတော် တစ်ဦးဖြစ်သလို သရုပ်ဆောင် မင်းသမီး တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ 2002 ခုနှစ်ကထဲက အနုပညာအလုပ်တွေကို စတင်ခဲ့ပြီး ယနေ့တိုင်အောင်မြင်နေဆဲ ထက်မြက်တဲ့ မိန်းမလှလေးလည်းဖြစ်ပါတယ်။

Hailey Baldwin ကတော့ ကမ္ဘာကျော် မင်းသား ကြီး၊ ထုတ်လုပ်သူ Stephen Baldwin ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်သလို သူမရဲ့ အနုပညာလုပ်ငန်းတွေကို မစတင်ခင်ကတည်းက အဖေဖြစ်သူ နာမည်ဂုဏ်သတင်းကျော်ဇော်မှုနဲ့ အတူ လူသိများတဲ့ နာမည်ကျော် မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အသက်(၂၁) နှစ်သာ ရှိသေးပြီး Professional အလုပ်အကိုင် အနေနဲ့ ဖက်ရှင် မော်ဒယ်လ်တစ်ဦးအဖြစ် ရပ်တည်လျှက် ရှိပါတယ်။

Justin Bieber ကတော့ 2010ခုနှစ်မှာ "Baby" သီချင်းလေးနဲ့ ကမ္ဘာကျော်ခဲ့သလို သူ့ရဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ "one less only girl" သီချင်းနဲ့ Selena Gomez ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ Justin Bieber ကော Selena Gomez ပါ နှစ်ဦးစလုံး၊ ငယ်ရွယ်သူတွေမို့ ရူးရူးမူးမူး ချစ်ခဲ့ကြသလို အချစ်ဦး တွေမို့ ယနေ့တိုင် (၈) နှစ်လောက် ကြာတဲ့ထိ သံယောဇဉ် မပြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ခဏခဏ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နဲ့ အချိန်တွေ ရှည်ကြာခဲ့သလို 2015 ခုနှစ် မှာ Hailey Baldwin နဲ့ Justin တို့ ပထမဆုံး ဒိတ်လုပ်ခဲ့ပါတယ်။ အောင်မြင်မှု၊ နဲ့စန်း ၊ ငွေကြေးအားလုံး ပြည့်စုံနေတဲ့ Justin အတွက် ရွေးချယ်စရာတွေ အများကြီး ရှိသလို ရည်းစားများတဲ့ Justin ဟာ Hailey နဲ့ ပြန်လည်လမ်းခွဲလိုက်ပါတယ်။

Justin ရဲ့ နားနောက်မှာ "Princess " ဆိုတဲ့ တက်တူးလေးတစ်ခုရဲ့ ပိုင်ရှင် Selena Gomez ကို မမေမ့နိုင်တဲ့ အဆုံး ပြန်လည် ပြန်ပေါင်းထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ တစ်ယောက်ကိုတစ်ယောက် ရွဲ့ရင်း ၊မနာလိုအောင် ပြုလုပ်ရင်း 2016 ခုနှစ်မှာတော့ The weekend နဲ့ Selena တို့ စတင်တွဲခုတ်ခဲ့ပါတယ်။ met gala 2018 ကော်ဇာနီထက် ကို The weekend နဲ့ အတူ ရွှေလက်တွဲလို့ ပွဲတက်ခဲ့ပြီး Hailey Baldwin ကတော့ ဆက်ကျော်သက်အဆိုတော်လေး Shawn Mendes နဲ့ အတူယှဉ်တွဲလို့ ပွဲတက်ခဲ့တာဖြစ်ပါတယ်။

2017 အောက်တိုဘာလ မှာတော့ The weekend နဲ့ တို့လမ်းခွဲခဲ့သလို အချစ်ဦးဖြစ်သူ Selena Gomez နဲ့ သံယောဇဉ်မပြတ်နိုင်တဲ့ နောက်ဆုံး 2018 ခုနှစ်မှာ ပြန်လည် တွဲခဲ့ကြပေမဲ့လည်း ကံမကောင်းစွာနဲ့ ပဲ ရင်ထဲကအချစ်တွေထက် ဒဏ်ရာတွေ ပိုနေရာယူထားနိုင်တဲ့ အချစ်ရေးကို အဆုံးသတ်ခဲ့ကြပါတယ်။ Hailey Baldwin နဲ့ တခန်းရပ် အချစ်ရေးကို ပြန်လည် စတင်ခဲ့ပြီး လက်ထပ်ခွင့်နဲ့ တကွ စေ့စပ်လက်ထပ်ကိုပါ ဖန်တီးနိုင်ခဲ့သလို ရင့်ကျက်ဖို့အချိန်တွေအများကြီးပေးကာ နောက်ဆုတ်ခဲ့ရတဲ့ Selena Gomez ရဲ့ အချစ်ကလည်း နာကျင်စရာပဲဖြစ်ပါတယ်။ အချစ်ဦးဖြစ်တဲ့ Selena Gomezကို Justin အနေနဲ့ ယနေ့တိုင် သတိရနေဆဲ ဖြစ်မလား ဆိုတာ ကာယကံရှင်ပဲ အသိဆုံးဖြစ်သလို အမှန်တကယ် ဘေး Justin မှာ ရှိသင့်တဲ့ သူကတော့ ဘယ်သူလဲ ဆိုတာ ပရိသတ်များ ဆုံးဖြတ်ကြည့်ပါနော်....။

source: http://www.justjaredjr.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။