2002နောက်ပိုင်းမှာမြန်မာနိုင်ငံရဲ့ပထမဆုံးHipHopလောကကိုစတင်တည်ထောင်ခဲ့တာကတော့

နာမည်ကြီးACIDအဖွဲ့ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လူငယ်တွေကြားမှာAcidသီချင်းတွေက

ခုချိန်ထိတောင်အောင်မြင်နေကြတုန်းပဲဖြစ်ပါတယ်။1stGenerationလို့လူသိများပီးခုချိန်ထိမသိတဲ့သူ မရှိတဲ့အဆိုတော်တွေလည်ဖြစ်ပါတယ်။

ယခုအခါမှာသူတို့အဖွဲ့မှာအနဂ္ဂ၊ရန်ရန်ချမ်းနဲ့ဇေယျာသော်တို့ပဲရှိပါတော့တယ်။

သူတို့ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဟိန်းဇော်ကတော့လူ့ဘဝကြီးကနှုတ်ဆက်သွားခဲ့ရပြီး

ပရိတ်သတ်တွေရင်ထဲမှာဝမ်းနည်းခြင်းတွေရှိနေတုန်းပါ။သူတို့ဟာအဖွဲ့လိုက်အနုပညာအလုပ်တွေသိပ်မလုပ်ကြတော့ပေမယ့်

တစ်ယောက်ချင်းစီကတော့လုပ်နေတုန်းပဲဖြစ်ပြီးအောင်မြင်တဲ့အဆိုတော်တွေဖြစ်ပါတယ်။

အခုမှာတော့တစ်ချိန်ကပရိတ်သတ်တွေအများဆုံးအားပေးခံရတဲ့အက်စစ်အဖွဲ့ပြန်လာတော့မှာဖြစ်ပါတယ်။ဟိန်းဇော်မပါဝင်နိုင်တော့ ပေမယ့်၁၀စုနှစ်တစ်ခုအကြာမှအခွေထွက်မယ်ဆိုပြိးသတင်းတွေထွက်ပေါ်လာတာပါ။အက်စစ်တွေတစ်ခုခုလုပ်နေတယ်ဆိုပီးမကြာခင်က ရန်ရန်ချမ်းကပြောထားခဲ့ပြီးခုလည်းအက်စစ်ရဲ့MusicVideoလေးတွေရိုက်ကူးနေတာပါ။မကြာခင်ပရိတ်သတ်တွေရှေ့ကိုရောက်လာတော့မယ့်အက်စစ်အဖွဲ့အခွေလေးကိုအားပေးလိုက်ကြပါဦးနော်။

SOURCE:Yan Yan Chan


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။