90 Kids တွေကြားမှာ ရေပန်းစားလွန်းခဲ့တဲ့ No အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော်သရုပ် ဆောင် သဇင်တစ်ယောက် လတ်တလောမှာတော့ နိုင်ငံရပ်ခြားမှာ မိသားစုနဲ့အတူ နေထိုင်နေတာပဲဖြစ်ပါတယ်။ သူမဟာ မကြာခင်မှာ ရင်သွေးငယ်လေးကိုမွေးဖွားတော့မှာ ဖြစ်ပြီး ဒီအတွက်လည်း ရင်ခုန်နေပုံပါပဲ။ အနုပညာလုပ်ငန်းတွေမှာ သူမကိုမတွေ့ရတော့ပဲ မိသားစုဘဝလေးအပြင် ကိုယ်ပိုင်စီးပွားရေးနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပြီး 2 ရက်တာ မိတ်ကပ်သင်တန်းကို ဖွင့်လှစ်သွားခဲ့ပါသေးတယ်။ သူမတို့အဖွဲ့ရဲ့ သီချင်းတွေ ကတော့ ပရိသတ်တွေကြားမှာ ယနေ့ထက်တိုင်ရေပန်းစားနေဆဲပါပဲ။ သူမက နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နေတာဖြစ်လို့ သူမရဲ့မြန်မာပြည် ပရိသတ်တွေကို လွမ်းကြောင်းဆိုပါသေးတယ်။

သူမရဲ့ရင်သွေးလေးနဲ့ပက်သက်ပြီး " သားဦးလေး will be soon miss my fans in myanmar" ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာဖြစ်ပါတယ်။ သားဦးလေးအတွက် ရင်ခုန်နေတဲ့ မေမေသဇင်အတွက် ဆုတောင်းလေးတွေ ပြောပေးခဲ့ပါဦး နော်။

Photo - Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။