ချစ်ပရိသတ်ကြီးရေ မင်းသား မင်းထက်နဲ့ မင်းသမီးစိုးနန္ဒာကျော် အချစ်ရေးကိစ္စဟာ ဝေဖန်မှုတွေ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ထွက်ပေါ်နေတာတွေ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဖွင့်ချလာခဲ့သူက တော့ မင်းထက် ရဲ့ ဇနီးဖြစ်သူ နှင်းအိရွှေရည်ပါ ။နှင်းအိရွှေရည်က တော့ စိုးနန္ဒာကျော်ကို စနှိုက်ကြော်လို့မစွပ်စွဲချင်ဘူးလို့ ရေးသားလိုက်ပါတယ်။ ပြောရမယ်ဆိုရင်ရှက်ဖို့လဲကောင်းပါတယ်..ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလိုပါပဲ..အဓိကကတော့ကိုယ့်လူမကောင်းတာနဲ့ တစ်ဖက်ကမိန်းကလေးက စနှိုက်ကြော်တယ်လို့တော့မပြောလိုပါဘူး..ဘယ်လိုပြောရမလဲ..ဇရက်တောင်ပံကျိုးနဲ့ကြောင်ခံတွင်းပျက်တွေ့သွားတယ်ပဲပြောရတော့မှာပဲ....။ လို့ အစချီပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာကိုတွေ့ရပါတယ်။

ဆက်လက်ပြီး သူမက " ကျွန်မဒီတစ်ယောက်နဲ့ဆိုရင် ဒီလိုအလားတူပြဿနာရှင်းရတာနှစ်ကြိမ်ရှိပါပြီ...တစ်ချို့တွေမှတ်မိကြပါလိမ့်မယ်..လွန်ခဲ့တဲ့ ၇လ ၈လလောက်က ရိုးသားစွာပညာသင်ကြားပေးနေတဲ့ကျောင်းဆရာမလေးတစ်ယောက်ကို မြူစွယ်ပြီး အတင်းကြီးယူမယ်ဘာညာ သူ့မိဘတွေပါဝိုင်းပြီး သူ့သားကိုကျွန်မဆီကနေဆွဲထုတ်ဖို့ကြိုးစားကြတယ်..။ ဒါပေမဲ့ ဆရာမလေးနဲ့ကျွန်မနဲ့ တိုက်ရိုက်ဖုန်းပြောပြီး အကြောင်းစုံဆရာမလေးကို ရှင်းပြလိုက်တဲ့အချိန်မှာ ဆရာမလေးကမိကောင်းဖခင်သားသမီးပီသစွာ ဂုဏ်သိက္ခာရှိရှိနဲ့ သူ့ကိုအဆက်သွယ်ဖြတ်တောက်ခဲ့တယ်။ ဆရာမလေးရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ကိုလေးစားပြီး ကျွန်မနဲ့ဆရာမလေး ခင်မင်မှုတောင်ရခဲ့ပါတယ်။" လို့ရေးသားထားပါသေးတယ်။

မင်းထက်မှာအရင်ကလည်း အလားတူပြသနာရှိခဲ့တယ်ဆိုတဲ့အကြောင်းကို " အခုအလားတူပြဿနာမျိုးကို ဒုတိယအကြိမ်ထပ်ပြီးသူနဲ့သူ့မိသားစု ထပ်ပြီးကျူးလွန်ပြန်ပြီ..အဓိကရည်ရွယ်ချက်ကတော့ သူ့သားနဲ့ကျွန်မကြားမှာရှိတဲ့ RSကိုဖြတ်တောက်လို့ရအောင် ဓားစာခံရှာကြတာပါ။ အဲ့အချိန်မှာ သူ့တို့သားကောင်အဖြစ် ပိုက်ကွန်ထဲတိုးဝင်သွားတဲ့ ကလေးမလေးကတော့ ကံဆိုးရှာတော့မယ်..။ သူ့မှာအတွေ့အကြုံကမရှိ..ဆယ်တန်းအောင်အောင် မေးခွန်းတွေလိုက်ပေး ကူညီပေးနဲ့ ချဉ်းကပ်လိုက်တာ..အခုဆိုကလေးမက အိမ်ကနေတောင်ထွက်ပြေးပြီး သူ့အိမ်မှာသွားအောင်းနေတဲ့အဆင့်ထိတောင်ရောက်နေပြီ...။ ကလေးမလေးကို သူ့မိဘကလည်းလူပျောက်တိုင်ထားတယ်..ဒါပေမဲ့ ပမာမခန့် သူ့အိမ်မှာ ညကြီးမိုးချုပ်အတိုအပြတ်နဲ့ သူ့Lap Topနဲ့ photo ကို public ဖွင့်ပြီးတောင် တင်လိုက်သေးတယ်ဆိုတော့ ဒါသည်ကျွန်မစွပ်စွဲရုံသက်သက်မဟုတ်တော့ဘူး......။ အဲ့လိုတင်ပေးလို့လည်းအရမ်းကျေးဇူးတင်တယ် မင်းသမီးလေး..။ အစ်မအတွက် ပိုပြီးခိုင်လုံမှုရသွားတာပေါ့..။ sisကိုပါအစ်မဆွဲထည့်ရတော့မယ် စိတ်မကောင်းပါဘူး..." လို့ရေးသားထားတာကို တွေ့ရပါတယ်။

Source - Hnin Ei Shwe Yee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။