နှစ်စဉ်အမြဲကျင်းပပြုလုပ်လျှက်ရှိတဲ့ မန္တလေးတောင်ပြုံးမင်းနှစ်ပါးပွဲတော်ကိုတော့ ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံခြားသားများစွာကပါစိတ်ဝင်စားလျှက်ရှိတဲ့ ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ တောင်ပြုံးပွဲမင်းနှစ်ပါးပွဲတော်ကတော့ ဒီနှစ်မှာ ၉၇၂ကြိမ်မြောက်ကျင်းပပြုလုပ်နေတာဖြစ်ပြီး ယခင်နှစ်တွေထက်ပိုမိုစည်ကားလျှက်ရှိတာတွေ့ရပါတယ်။  

ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့ဟာဆိုရင်ဖြင့် ၉၇၂ကြမ်မြောက် တောင်ပြုံးမင်းနှစ်ပါးရဲ့ပွဲတော်ညီလာခံဝင်တဲ့ နေ့ရက်ဖြစ်ကြောင်း သိရပါတယ်။ နောက်ရက်တွေမှာတော့ ချိုးရေတော်သံုံး၊ နန်းတက်ပွဲ၊ ယုန်ထိုးပွဲ၊ ထိမ်ခုတ်ပွဲနဲ့ ရွှေဘုံဆင်းဆိုပြီး နေ့စဉ် ရက်ဆက် နှစ်စဉ်ကျင်းပခဲ့တာဖြစ်ကြောင်းသိရပါတယ်။  

ဒီနှစ်၉၇၂ကြိမ်မြောက်ပွဲတော်ကဆိုရင်ဖြင့် သာမာန်နှစ်တွေနဲ့မတူညီပဲ များပြားလှတဲ့ ပွဲတော်လာဧည့်ပရိသတ်တွေကြောင့် ပိုမိုစည်ကားလျှက်ရှိတာတွေ့ရပါတယ်။ တောင်ပြုံးပွဲတော်ကို မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုံးရွာမှာ နှစ်စဉ် ကျင်းပတာဖြစ်ပြီး အရင်နှစ်ကတော့ H1N1 ပြင်းထန်တုပ်ကွေးရောဂါ ကူးစက်မှာစိုးလို့ ပွဲတော်ကျင်းပခွင့် ပိတ်ခဲ့ရကြောင်း သိရပါတယ်။

Photos - BBC B 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။