မလေးရှားနိုင်ငံမှာတော့ လူအများအရမ်းစိတ်ဝင်စားမှုခံခဲ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ထိုအရာလေးကတော့ ဧရာမစပါးကြီးမြွေတစ်ကောင်နဲ့ နောက်ထပ်ပေ ၂၀ လောက်ရှည်တဲ့ စပါးကြီးမြွေတစ်ကောင်တို့ မိတ်လိုက်နေစဉ်အတွင်းမှာ ဖမ်းဆီးရရှိခဲ့တဲ့သတင်းလေးပဲဖြစ်ပါတယ်။

အဆိုပါမြွေကြီးနှစ်ကောင်ကိုတော့ မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းမှာ ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။ ဖမ်းဆီးခဲ့တဲ့ဒေသခံတွေကတော့ လဲကျနေတဲ့ သစ်ခေါင်းတစ်ခုအတွင်းမှ ထူးဆန်းတဲ့ အသံတွေကြားရသဖြင့် စစ်ဆေးကြည့်ရာမှ ဆာရဝပ်ဒေသ အစွန်အဖျားပိုင်းမှာ အရသာရှိသော တန်ဖိုးကြီးအစားအစာအဖြစ် သတ်မှတ်ခံထားရတဲ့ အဆိုပါစပါးကြီးမြွေများကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒေသခံတစ်ယောက်ရဲ့ပြောကြားမှုအရတော့ “ကျွန်တော်က သစ်ခေါင်းပေါက်ထဲကို ငုံ့ကြည့်လိုက်တော့ အံ့အားသင့်စရာ မြွေမကြီးတစ်ကောင်က နည်းနည်းပိုငယ်တဲ့ တစ်ကောင်နဲ့ မိတ်လိုက်နေတာကို တွေ့ခဲ့ရတာပါပဲ” လို့လဲသိရပါတယ်။ 

ရွာသားတွေအနေနဲ့ သစ်ပင်ရဲ့အခေါက်ခွံတွေကို လွှစက်တွေနဲ့ ဖြတ်တောက်ခွာခဲပြီး အဆိုပါမြွေကြီးနှစ်ကောင်ကိုဆွဲထုတ်ကာ အသေပစ်သတ်ခဲ့တယ်လို့သိရပါတယ်။ထို့နောက်မှာတော့ ညစာချက်ပြုတ်စားသောက်ဖို့ ထရပ်ကားနဲ့သယ်ယူသွားခဲ့တယ်လို့သိခဲ့ရပါတယ်။ ဝမ်းသာပျော်ရွှင်နေတဲ့ အသက် ၆၀ အရွယ် ဒေသခံ Tinsung Ujang က၊ ကီလာဝပ်မြစ်အနီး ဘင်တူလူမြို့မှ ရွာမှာနေထိုင်ကြသူတွေအတွက် လာမယ့်ရက်ပိုင်းတွေမှာ အသားဟင်း လုံလောက်မှု ရှိတော့မယ်လို့ ပြောကြားခဲ့ပါတယ်လို့လဲသိရပါတယ်။ 

SOURCE - MIRROR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။