သတိမမူ ဂူမမြင်ဆိုတဲ့ စကားအတိုင်း အမှတ်မထင်သတိမထားမိတာလေးတွေကနေ ပေးဆပ်မှုကြီးမားလှတဲ့ကိစ္စရပ်လေးတွေက မကြာခနဆိုသလိုဖြစ်ပေါ်နေပါတယ်။ယခုတစ်ခေါက်အဖြစ်အပျက်လေးဟာလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သတိမမူမိတာလေးကနေ အသက်သေစေနိုင်လောက်တဲ့ဝေဒနာတွေရရှိခဲ့တဲ့ လူနှစ်ယောက်ရှိခဲ့တယ်လို့သိရပါတယ်။ သူတို့နှစ်ယောက်ကတော့ ဘူတာရုံမှာ ဆယ်ဖီဆွဲနေရင်း ရထားတိုက်ခံရတာပဲဖြစ်ပါတယ်။

အဆိုပါလူနှစ်ယောက်ကတော့ အသက် ၂၈နှစ်အရွယ် ဝါလိုင်လက်ဆူကာမာ နဲ့ အသက် ၂၅ နှစ်အရွယ် အမ်နာနဝမ်တစ်တို့ဖြစ်တယ်လို့သိရပါတယ်။ သူတို့နှစ်ဦးဟာ ဆမ်ဆင်ဘူတာရုံရဲ့ရထာလမ်းမပေါ်မှာ အရက်သေစာသောက်စားမူးရစ်ပြီး ထွက်ခွာလုနီးနီး ရထားတစ်စီးရဲံ နောက်မှာ ဓာတ်ပုံရိုက်ရင်းရထားတိုက်ခံခဲ့ရတာဖြစ်ပါတယ်။ အရက်သေစာကြောင့်မူးယစ်နေတဲ့အတွက် ကြားလမ်းကြောင်းတစ်ခုကနေ အဝင်ရထားတစ်စင်း ချဉ်ကပ်လာတာကိုသတိမထားမိဘဲ ထိုရထားနဲ့ပဲတိုက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

အမ်နာကတော့ ရထားနဲ့တရွတ်တိုက်ပါသွားခဲ့တဲ့အတွက် ဘယ်ခြေထောက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ ဝါလိုင်လက် ကတော့ အတိုက်ခံရတဲ့အရှိန်နဲ့မေ့မြောသွားခဲ့ ပြီး ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ ရထားအောက်မှာ ညပ်နေတဲ့ အန်နာကိုတော့ ကြိုးစားပမ်းစားဆွဲထုတ်ခဲ့ရတယ်လို့သိရပါတယ်။ ထို့နောက်မှာတော့ ဒဏ်ရာရရှိသူနှစ်ယောက်လုံးကို ဗဂျီနာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြတယ်လို့လဲသိရပါတယ်။

သတင်းအရင်းအမြစ် - Opinion Leaders Media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။