ပရိသတ်ကြီးရေ Sexy ဆန်ဆန် အလှတရားတွေရဲ့ပိုင်ရှင် မင်းသမီးသင်ဇာဝင့်ကျော်ကတော့ သရုပ်ဆောင်ကောင်းသလို ယနေ့တိုင်ထိ အမျိုးသားထုကြီးရဲ့ ရင်ကိုလှုပ်ခတ်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ သူမရဲ့ ဆွဲဆောင်မှုတွေပြည့်ဝနေတဲ့ ကောက်ကြောင်းအလှတွေကိုလည်း ကိုကို၊မောင်မောင်တွေအားလုံးက စိတ်ဝင်စားအားပေးကြတာ ဖြစ်ပါတယ်။ လတ်တလောမှာ သင်ဇာက ရုပ်ရှင်ကားတွေအပြင် ကြော်ငြာရိုက်ကူးမှုတွေကိုလည်း ပြုလုပ်နေတာ တွေ့ရပါတယ်။

မကြာသေးခင်ရက်ပိုင်းကမှ သင်ဇာက အင်တာဗျူးတစ်ခုမှာ "အပျိုကြီး ဆိုတဲ့ ဂုဏ်ကို မနည်းထိန်းထား ရတာပါ။ ဒီရုပ် ဒီရည် နဲ့ ဒီအချိန်မှာ အပျိုကြီး ဖြစ်နေတယ် ဆိုတာ ဘယ်လို ယောက်ျားလေးတွေကို ဘယ်လောက်ထိ ခါချပြီး အပျိုကြီးဂုဏ်ကို ထိန်းထားရတယ်ဆိုတာ ရှင်တို့ မသိဘူး" လို့ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ IG story မှာတော့ ချစ်သူလို့ယူဆရတဲ့ တစ်စုံတစ်ယောက်ကို ရည်ညွန်းပြောဆိုထားခဲ့တာကြောင့် အားလုံးက အံ့အားသင့်ခဲ့ရပါတယ်။

သင်ဇာက "ရန်ဖြစ်နေပေမယ့်လည်း ဒါလေးတော့အရောက်ပို့ပေးရှာတယ် "ဆိုတဲ့စာသားလေးနဲ့အတူ နဂါးရစ်ပတ်ထားတဲ့ပုံစံရှိတဲ့ ရွှေလက်စွပ်လေးကို ဝတ်ဆင်ထားတဲ့ သူမရဲ့လက်ပုံလေးကို တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာက အသည်းပုံ Sticker လေးကြောင့် ဒါဟာသူမရဲ့ချစ်သူပဲဖြစ်နိုင်တယ်လို့ ပရိသတ်တွေက ထင်မြင်ချက်တွေ ပေးနေတာပဲ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက "I was just locked my heart at I Tea "ဆိုတဲ့ စာသားလေးနဲ့လည်း ပုံလေးတွေတင်ခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေကို တစ်ဆင့်ဝေမျှလိုက်ပါတယ်နော်။

Source: Thin Zar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။