၁၉၈၅ခုနှစ်နိုဝင်ဘာလ၁၃ ရက်နေ့မှာတော့ တွေ့မြင်ရသူတိုင်းမျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။အဆိုပါဖြစ်ရပ်လေးကတော့ ကိုလံဘီယာနိုင်ငံမှာရှိတဲ့ Nevado del Ruiz မီးတောင်ပေါက်ကွဲခဲ့တာကြောင့် ရွာပေါင်း ၁၃ ရွာနဲ့ လူသားပေါင်း ၂၃၀၀၀ ကျော်အသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။သို့ပေမယ့် အသက်ဆုံးရှုံးသွားတဲ့လူတွေများစွာထဲကမှ အသက်၁၃ နှစ်အရွယ် Omayra Sánchez Garzón (အိုမေရာ ဆန်းချက်ဇ် ဂါရ်ဇွန်) ရဲ့ သေဆုံးမှုကတော့ ယနေ့ထက်ထိတိုင်မပျောက်ကွယ်သွားနိုင်တဲ့ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်လေးအဖြစ် ကျန်ရှိနေတာပဲဖြစ်ပါတယ်။ 

Nevado del Ruiz မီးတောင်ကတော့ပေါက်ကွဲတဲ့အချိန်မှာတော့ ချော်ရည်တွေဟာ အင်မတန်မြန်ဆန်တဲ့အရှိန်နဲ့ တဟုန်းထိုးဆီးဆင်းလာတာကြောင့် အချိန်ခနလေးအတွင်းမှာတင် ပတ်ဝန်းကျင်ကအရာတွေကိုလွှမ်းခြုံသွားခဲ့ပါတယ်။ ထိုချော်ရည်တွေဟာ lava လို့ခေါ်တဲ့ ကျောက်ရည်ပူအမျိုးအစားမဟုတ်ပဲ Lahar လို့ခေါ်တဲ့ ရွှံကျောက်ရည်တွေဖြစ်တာဆောင်းတွင်းရဲ့အအေးဓာတ်နဲ့တွေ့ပြီး လွမ်းခြုံးခံထားရတဲ့ သက်ရှိသက်မဲ့အားလုံးကို ဘိလပ်မြေလောင်းထားသလို အေးခဲသွားစေခဲ့ပါတယ်။အဆိုပါရွှံကျောက်ရည်တွေဟာ Omayra Sánchez Garzón ရဲ့အိမ်ထဲကိုတိုးဝင်လာတဲ့အချိန်မှာတော့ အိမ်လေးအတွင်းမှာ သူမရယ် သူ့မရဲ့အဖေရယ်၊ သူမရဲ့အဒေါ်နဲ့ ညီမလေးရယ်သာအိမ်ထဲမှာရှိနေတာဖြစ်ပါတယ်။ အိုမေရာ ရဲ့မိခင်ကတော့ ခရိးထွက်သွားတဲ့အတွက် အိမ်မှာရှိမနေခဲ့ပါဘူး။

တလုံးတစ်ခဲဝင်လာတဲ့ချော်ရည်တွေကြောင့် အိုမေရာ ဟာ ခါးအောက်ပိုင်းကနေတဖြေးဖြေး ရင်ဝထိနစ်မြုပ်ခဲ့ပြီး လှုပ်မရလဲ ဘိလပ်မြေလောင်းခံထားသလိုဖြစ်နေခဲ့ပါတယ်။သိုပေမယ့် အိုမေရာရဲ့လက်တစ်ဖက်ဟာအပြင်ကိုထွက်နေတာကြောင့် ကယ်ဆယ်ရေးသမားတွေကရှာတွေ့ခဲ့ပြီး သိပ်မာကြောမှုမရှိသေးတဲ့ ရွှံတွေကိုဖယ်ထုတ်ပေးခဲ့ပြပါတယ်။ဒါပေမယ့် အိုမေရာကို တခါဆွဲမလိုက်တိုင်း လပ်သွားတဲ့နေရာတွေကိုရေတွေဝင်လာတာကြောင့် လည်ပင်းမှာကားတာယာကွင်းစွပ်ထားပေးပြီး ရေပေါ်မှာမျက်နှာပေါ်နေအောင်လုပ်ပေးခဲ့ကြပါတယ်။အိုမေရာ ကတော့ဒီလိုအခြေအနေဖြစ်နေတာတောင် ကယ်ဆယ်ရေးသမားတွေ ဂျာနယ်လစ်တွေနဲ့အတူ သီချင်းဆိုလိုက် စားချင်တာရှိရင်တောင်းစားလိုက်လုပ်နေခဲ့တာပဲဖြစ်ပါတယ်။တခါတရံမှာတော့ ကလေးဖြစ်တာကြောင့် ကြောက်ပြီးငိုတာတွေဆုတောင်းတာတွေပြုလုပ်ပြီး ကျောင်းမှာ စာမေးပွဲဖြေရဦးမယ် ကျောင်းမနောက်ကျချင်ဘူးလို့ပြောနေခဲ့ပါတယ်။  

ကယ်ဆယ်ရေးသမားတွေကတော့ ရေစုပ်စက်တလုံးနဲ့ဘေးကရေတွေကိုစုပ်ထုတ်ပြီးထပ်မံကယ်တင်တဲ့အခါမှာတော့ အိုမေရာ ကဒူးထောက်လျက်အနေအထားနဲ့အိမ်တံခါးဝမှာနစ်နေမှန်းသိရခဲ့ပါတယ်။ကယ်တင်မယ်ဆိုရင်လည်းပေါင်ရင်းကနေ ခြေထောက်ကိုဖြတ်ထုတ်ပြစ်မှကယ်တင်နိုင်မှာဖြစ်ပြီး ခွဲစိတ်မယ့်ကရိယာတန်ဆာပလာနဲ့ ကျွမ်းကျင်သူတွေမရှိတာကြောင့်ဒီအတိုင်းထားလိုက်တာကသူမအတွက်ပိုအဆင်ပြေနိုင်တယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။ရွှံတွေထဲမှာ နာရီပေါင်း ၆၀ လောက်ကြာအောင်နစ်နေတဲ့သူမကတော့ မျက်လုံးတွေက သွေးပုပ်ရောင်ကိုပြောင်းလဲခဲ့ပြီး ကတောင်ကတန်းတွေပြောဆိုကာ ကယ်ဆယ်ရေးသမားတွေရှေ့မှာတင်အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။သေဆုံးပြီးချိန်မှာတော့ ကွန်ကရစ်ပြင်လိုဖြစ်နေတဲ့ရွှံတွေကိုခွဲထုတ်လိုက်တဲ့အခါမှာတော့ သူမရဲ့ရုပ်အလောင်းအောက်မှာ အဒေါ်ဖြစ်သူရဲ့အလောင်းကိုပါတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ 

သူမရဲ့အကြောင်းကိုတော့ ဓါတ်ပုံဆရာ ဖရန့်ခ် ဖော်နီယာ(Frank Fournier)က သူမမသေဆုံးမီ နာရီပိုင်းလေးအတွင်းမှာ အမိအရမှတ်တမ်းတင်ထားခဲ့တဲ့ ဓာတ်ပုံလေးတွေဟာကမ္ဘာတစ်ဝှမ်းလုံးကလူသားတွေရဲ့စိတ်ကိုကိုင်လှုပ်နိုင်ခဲ့ပါတယ်။ဓာတ်ပုံဆရာကိုတော့ အကူအညီတစ်စုံတရာမပေးဘဲ ဓတ်ပုံပဲရိုက်တယ်ဆိုပြီးဝေဖန်ပြောဆိုခဲ့ပေမယ့် ရိုက်ကူူးထားတဲ့ဗီဒီယိုလေးကိုမြင်တဲ့အခါမှာတော့ အားလုံးရဲ့ဝေဖန်သံတွေပြောက်ဆုံးခဲ့ရပါတယ်။ပရိတ်သတ်တွေကြည့်ရှုနိုင်စေဖို့အတွက်လဲ ထို ဗီဒီယိုလေးကိုပါ တင်ပေးလိုက်ပါတယ်။  

SOURCE - DAILY MAIL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။