မြွေဆိုတဲ့ သတ္တဝါဟာ လူကိုဒုက္ခပေးနိုင်တဲ့ သတ္တဝါဖြစ်ပြီး အခန့်မသင့်ရင် သူ့ရဲ့အဆိပ်ကြောင့် လူ့အသက်တောင် ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်လည်း လူတော်တော်များများက မြွေမြင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးတဲ့သူက ခပ်များများ ရယ်ပါ။

ဒါပေမယ့် ဒီလိုအယူအဆတွေဟာ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံကို ရောက်သွားတဲ့အခါမှာတော့ ပြောင်းပြန် ဖြစ်သွားခဲ့ရပါတယ်။ အကြောင်းကတော့ သူတို့နိုင်ငံသားတွေဟာ မြွေမြင်ပြီး ကြောက်လန့်နေရမယ့်အစား ဖမ်းဆီးပြီး ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်လိုက်ကြတာပဲ ဖြစ်ပါတယ်။  

ဘယ်လောက်တောင်လဲ ဆိုရင် တရုတ်နဲ့ ဗီယက်နမ်နိုင်ငံက ဒေသအချို့မှာ မြွေသားဟင်းလျာကို နှစ်နှစ်ခြိုက်ခြိုက်စားသုံနေကြပါတယ်။ သူတို့ရဲက အဆိုအရ မြွေသားဟင်းလျာဟာ ခန္ဓာကိုယ်အတွင်း၇ှိ ရောဂါတော်တော်များကို သက်သာ ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။  

Source : Google

Ref : Tin Hlaing ( Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။