ပရိတ်သတ်ကြီးရေ မင်းသမီးတစ်ယောက် မဟုတ်ပေမဲ့ လူငယ်ပရိတ်သတ်တွေ ကြားရေပန်းစားလူကြိုက်များနေတဲ့ Makeup Artist လေး ဟန်နာယူရီ ကိုတော့ ပရိတ်သတ်ကြီးချစ်ကြမယ်ထင်ပါတယ်။ကိုရီးယားမင်းသမီးလေးလား ထင်မှားလောက်အောင် ချစ်စရာဟန်ပန်လေးနဲ့သူမဟာ မိတ်ကပ်အတက်ပညာကို ထူးချွန်သူလေးဖြစ်သလို သူမရဲ့ဖက်ရှင်လေးတွေကလည်းအမြဲ ဖက်ရှင်ကျချစ်စရာကောင်းနေတာကြောင့် မိန်းကလေး ပရိတ်သတ်အများစု အားကျနှစ်သက်နေရခြင်းဖြစ်ပါတယ်။ 

သူမဟာ အနုပညာအလုပ်တွေ တောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါတယ်။လတ်တလောမှာလည်း သူရဲ့ ချစ်စရာ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့ ခံစားချက်လေးတွေကိုပါ အတူ ဖော်ပြထားတာတွေ့ရပါတယ်။သူရဲ့ ခံစားချက်လေးတွေကတော့ "ဘဝမှာအရမ်းပင်ပန်းတယ်လို့ တွေးခဲ့တဲ့ အချိန်တွေက အားလုံးက ပြီးဆုံးသွားမှာပါ အခုအရမ်းပင်ပန်းနေတယ်ဆိုလည်း လဲပြိုမသွားနဲ့သေချာပေါက်ကို ကောင်းတာတွေရောက်လာမှာပါ အရမ်းပင်ပန်းနေတယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ကိုယ်ဘေးနားက ရှိနေတဲ့သူတွေ ချစ်ပေးနေတဲ့သူတွေကို ignore မလုပ်လိုက်ပါနဲ"ဆိုတဲ့စာလေးပဲဖြစ်ပါတယ်။ 

ဖက်ရှင်အသစ်ဆန်းတွေနဲ့ အမြဲစမတ်ကျနေတဲ့ သူမကိုတော့ မိန်းကလေးအများစု အားကျ နှစ်သက်နေရတာပဲဖြစ်ပါတယ်။ဟန်နာယူရီကတော့ ဝါသနာပါတဲ့ မိတ်ကပ်ပညာကို ထိုင်းနိုင်ငံထိသွားရောက် သင်ကြားရာမှ အောင်မြင်နေတဲ့ မိတ်ကပ်အမျိုးသမီးတစ်ဦးအဖြစ် မိန်းကလေးတွေကြား နာမည်ကြီးလာခြင်းဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း သူမရဲ့ယဉ်ယဉ်လေးလှနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့ပြီး ရှေ့ဆက် အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Source:Hana Yuri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။