ပရိသတ်တွေရဲ့ အချစ်တော်တွေအဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်လာသူတွေဖြစ်တဲ့ အူဝဲနဲ့ မအေးသောင်းတို့နှစ်ယောက်သား ရှုတင်တစ်ခုမှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ နှစ် ယောက်လုံးဟာ အနုပညာခရီးလမ်းကို အချိန်ကြာမြင့်စွာလျှောက်လှမ်းလာသူတွေလည်း ဖြစ်ပါတယ်။ အူဝဲဟာ ဆိုရင် ကလေးနှစ်ယောက်မိခင်ဖြစ်သွားသည့်တိုင် အလှတွေလုံးဝ လျော့ပါးမသွားပဲ တစ်သားမွေးတစ်သွေးလှလာသူတစ်ဦးလည်းဖြစ်ပါတယ်။

မအေးသောင်းဟာဆိုရင်လည်း ပရိသတ်တွေနဲ့ ခဏခွဲခွာခဲ့ပေမယ့် ပြန်လည်ရောက်ရှိလာ ချိန်မှာတော့ အသက်သုံးဆယ်ကျော်အရွယ် လုံးကြီး ပေါက်လှအမျိုးသမီးတစ်ဦးအဖြစ်နဲ့ ပရိသတ်တွေရဲ့ အသည်းတွေကိုခြွေချခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း တစ် ကိုယ်တည်း အပျိုကြီးအဖြစ်နဲ့ ရပ်တည်နေတာဖြစ်ပြီး " ရွှေလွန်းသံ " ဆိုတဲ့ ပိုးထည်ဆိုင်လေး ကိုလည်း ကိုယ်ပိုင်စီးပွားတစ်ခုအဖြစ် ဖွင့်လှစ်ထားပါသေးတယ်။

မအေးသောင်းတစ်ယောက် ထပ်ဆင့်အကယ်ဒမီအူဝဲနဲ့ ပုံရိပ်တွေကို " Model ဘဝကတည်း က ကိုယ်အမြဲအားကျရတဲ့ အခုထိကိုယ်လေးစားရတဲ့ မအူဝဲနဲ့ဆုံတုန်းလေး " ဆိုပြီး နှစ် ယောက်သား အမိအရ selfie ပုံရိပ်တွေ ရိုက်ကူးလိုက်တာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက အလှတစ်မျိုးစီနဲ့ အရမ်းကိုကြွေချင်စရာကောင်းလွန်းနေတာမို့ ပရိသတ်ကြီးကိုလည်း ချစ်စဖွယ်ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။