အချစ်ဆိုတာ ဆန်းကြယ်လှတဲ့ သံယောဇဉ်ရစ်နှောင်မှု တစ်ခုဖြစ်တဲ့အတွက် အချစ်နဲ့ပတ်သတ်ပြီးထူးဆန်းတဲ့ အရာလေးတွေများစွာကိုလဲ နေ့စဉ်ကျင်လည်နေတဲ့ဘ၀ ပတ်ဝန်းကျင်မှာ အမြဲတွေ့နေကြရပါတယ်။ထူးဆန်းတဲ့အချစ်တွေ သာမက ရူးနှမ်းတဲ့အချစ်တဲ့အချစ်တွေနဲ့တယောက်အပေါ်တစ်ယောက်ချစ်ကြတဲ့ လူတွေလဲများစွာရှိနေကြပါတယ်။ နယ်သာလန်နိုင်ငံမှာနေထိုင်တဲ့ Vic Kocula နဲ့ သြစတြီးယား Emmy Abrahamson တို့ရဲ့ချစ်ခြင်းမေတ္တာကလဲ လူအများအံ့သြမှင်သက်သွားခဲ့ရလောက်အောင်ဆန်းကြယ်ခဲ့ပါတယ်။

မိုင်တွေများစွာကွာဝေးတဲ့ ဒေသနှစ်ခုက လူတွေဖြစ်ပေမယ့် ဖူးစာဆုံဖို့အကြောင်းဖန်လာတဲ့အခါ ဆွီဒင်နိုင်ငံသူလေးက နယ်သာလန်မြို့တော် အမ်စတာဒန်ကိုလာရောက်စဉ် ထိုမြို့မှာနေထို်င်တဲ့ Vic Kocula နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တွေ့တွေ့ချင်းမှာပဲ Emmy ဟာ Vic ရဲ့ အညိုရောင်မျက်လုံးရွဲတွေကိုစတင်သတိထားမိခဲ့ပြီး ပေတေနေတဲ့အဝတ်အစားတွေနဲ့ စုတ်ပြတ်နေတဲ့ဆံပင်တွေကြောင့် Vic ဟာအိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ကြောင်းကိုပါသူမသိရှိခဲ့ရပါတယ်။သို့ပေမယ့် မသိစိတ်ကနှိုးဆွနေတဲ့အချစ်တွေကြောင့် လက်ခံစကားပြောခဲ့ပြီး နောက်တစ်ကြိမ်ထပ်တွေ့ဖို့ချိန်းဆိုခဲ့ကြပြီး နောက်မှာတော့ Emmy ဟာသူမနေထိုင်တဲ့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ကိုပြန်ခဲ့တယ်လို့သိရပါတယ်။

Emmy ပြန်သွားပြီး ၃ ပတ်လောက်အကြာမှာတော့ Vic ဟာအချစ်အတွက်စွန့်စားမှုတစ်ခုဖြစ်တဲ့ သြစတြီးယားကိုလိုက်သွားခဲ့တယ်လို့သိရပါတယ်။ထိုနောက်မှာတော့ Vic ဟာ လမ်းဘေးနေလမ်းဘေးစားဘဝကနေ လျှပ်စစ်အင်ဂျင်နီယာသင်တန်းပြန်တက်ကာ ဘဝကိုပြောင်းလဲခဲ့ပြီး Emmy နဲ့ခမ်းခမ်းနားလက်ထပ်ခဲ့တယ်လို့သိရပါတယ်။ အခုချိန်ဆိုရင်တော့ အသက်ခြောက်နှစ်ကျော်နေတဲ့ အမွှာကလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားရပြီလို့လဲသိရပါတယ်။

သတင်းအရင်းအမြစ် - Opinion Leaders Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။