ကမ္ဘာကျော်တဲ့ အမိုက်စားကောက်ကြောင်းဘုရင်မ လို့ လူသိများကြသလို သူမရဲ့ တင်းရင်းလှပတဲ့ တင်ပါးကို အာမခံထားတယ်လို့ သတင်လးများထွက်ရှိခဲ့ဖူးတဲ့ အဆိုတော်မလေး Jenner Lopez ကတော့ လက်ရှိ မှာ အသက် (၄၉) နှစ် ရှိပြီ ဖြစ်သလို သားနဲ့ သမီး အမြွာလေးကို မွေးဖွားခဲ့ပြီး ဖြစ်တဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။

သူမရဲ့ လက်ရှိချမ်းသာမှုက တော့ 2014 ခုနှစ် မှတ်တမ်းအရ အမေရိကန်ဒေါ်လာ သန်းပေါင်း( US$320 million) ရှိပြီး သူမရဲ့ သားသီးရတနာလေးတွေ ဖြစ်တဲ့ Maximilian နဲ့ Emme တို့ဟာ မိခင်ဖြစ်သူရဲ့ ချမ်းသာမှုကြောင့် ကမ္ဘာအချမ်းသာဆုံးကလေးမှာ အပါအဝင်ဖြစ်ခဲ့ကြပါတယ်။ သူမ ဟာ သား၊သမီး နှစ်ယောက်ရဲ့ မိခင် နှစ်ယောက်ဖြစ်ပေမဲ့လည်း ယနေ့တိုင် အလှမပျက်ရှိနေဆဲမို့ သူမရဲက အလှကလည်း ရုးသွပ်လောက်စရာဖြစ်ပါတယ်။

2018 MTV Video Music Awards ကောဇောနီပွဲကိုတော့ 2018ခုနှစ်၊ သြဂုတ်လ(၂၀) ရက်နေ့က နယူးယောက်ခ် မြို့က Radio City Music Hall မှာ ကျင်းပခဲ့ပြီး ကမ္ဘာကျော် တေးသံရှင် အဆိုတော်တွေ အားလုံးနီးပါး တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာ Video Vanguard Award winner ဆုကို JLo ဟာ ပိုင်ဆိုင်နိုင်ခဲ့သလို ဒီပွဲအတွက် အမိုက်စားနဲ့အထူးဖျော်ဖြေခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ ရွှေရောင် ဝတ်စုံ ကိုယ်ကျပ်နဲ့ Sexy ကျလှတဲ့ အကအလှတို့ကို ပေါင်းစပ်ပြီး ပွဲထုတ်ခဲ့တဲ့ ဟာ “Waiting for Tonight” ၊ “On the Floor,” “Dance Again,” “Ain’t Your Mama,” “Booty,” “Love Don’t Cost a Thing,” “Get Right,” “All I Have,” “Jenny From the Block,” “I’m Real,” “Ain’t it Funny,” နဲ့“Dinero.” ဆိုတဲ့ စုစုပေါင်း သီချင်း(12) ပုဒ် ဖျော်ဖြေခဲ့ပါတယ်။

source: http://www.justjared.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။