အိမ်ထောင်ရေးမှာ ပျော်ရွှင်ချင်တယ်ဆိုရင် အရင်တုန်းက အမြင်တွေပြောင်းလဲပြီး ကိုယ်ခန္ဓာ အချိုးအစားပြည့်တဲ့ အမျိုးသမီးတွေနဲ့ လက်တွဲသွားဖို့ အကြံပေးပါတယ်။ လူတိုင်းက “ချစ်ခရီးလမ်းမှာ ပျော်ရွှင်စွာနဲ့ နေထိုင်သွား ကြလေသတည်း” လို့ အိပ်ရာဝင် နတ်သမီး ပုံပြင်တွေထဲကအတိုင်း စိတ်ကူးရှိကြပါတယ်။ဒီအတိုင်းဖြစ်ချင်တယ်ဆိုရင်တော့ ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်းတဲ့ မမဝဝတွေနဲ့ လက်ထပ်ခဲ့တဲ့အမျိုးသား တွေက ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ထူထောင်နိုင်ကြတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အသေးစိတ် ထပ်လေ့လာကြည့် လိုက်ရင် မမဝဝတွေနဲ့ အိမ်ထောင်ပြုတဲ့ အမျိုးသားတွေဟာ ပိန်ပိန်ပါးပါး မိန်းကလေးတွေနဲ့ အိမ်ထောင်ပြုတဲ့ အမျိုးသားတွေထက် ၁၀ ဆ ပိုပျော်ရွှင်ရတယ်လို့တောင် ဆိုပါတယ်။

ဒီစစ်တမ်းမှာ Plus-sized အမျိုးသမီးတွေနဲ့ လက်ထပ်ထားတဲ့ အမျိုးသားတွေဟာ တခြားသူတွေထက် ရယ်မောပျော်ရွှင်တဲ့ အကြိမ်အရေအတွက် ပိုများကြလို့ ပုံမှန် နေ့စဉ်ဘဝမှာတောင် ပြဿနာတွေ ဖြေရှင်းတဲ့အခါ ခေါင်းအေးအေးနဲ့ အလွယ်တကူ ဖြေရှင်းနိုင်ကြပါတယ်။မမဝဝ တွေဘက်ကလည်း ကိုယ့်အိမ်ထောင်ဘက် လိုအပ်သမျှကို ဖြည့်ဆည်းပေးသလို ကိုယ်ထင်ပေါ်ဖို့ ထက် သာယာလှပတဲ့ အိမ်ထောင်ရေးဘဝကိုပဲ ပိုတည်ဆောက် ချင်သူတွေပါ။ တကိုယ်ကောင်းဆန်လိုစိတ် ကင်းဝေးပြီး အမျိုးသားအတွက်ပဲ အရိပ်တကြည့်ကြည့် ဖြည့်ဆည်းပေးနေလို့ အိမ်ထောင်ရေးတည်မြဲစေပါတယ်။ဘာကြောင့် ခန္ဓာကိုယ်သွယ်လျတဲ့ အမျိုးသမီးတွေထက် Plus-sized အမျိုးသမီးတွေကို အိမ်ထောင်ဘက် အဖြစ် ရွေးချယ်သင့်တာလဲ။

အစာကောင်းကြိုက်တဲ့သူပီပီ အရသာရှိတဲ့ အစားအစာတွေကို ပြင်ဆင်ချက်ပြုတ် ကျွေးမွေးတတ်တယ်၊ တီဗီ ကြည့်ရင်း အဆာပြေစားနိုင်အောင်လည်း ပြင်ဆင် ပေးတတ်တယ်၊ တခြားစုံတွဲတွေထက် ဟာသဉာဏ်ပိုရှိလို့ အမြဲရယ်မော ပျော်ရွှင်စေရတယ်၊ သူတို့ရဲ့ပင်ကိုယ်စရိုက်ကိုက ရိုမန်တစ်ဆန်ဆန်လေးတွေ လုပ်တတ်တယ်၊ သူများထက် ဝတယ်ဆိုတဲ့ ခန္ဓာကိုယ်ကြောင့်နဲ့ စိတ်ရှုပ်ခံမနေဘူး အရှိကိုအရှိအတိုင်း လက်ခံတတ်ကြတယ်။ပတ်ဝန်းကျင်အမြင်တွေနဲ့ ဘယ်တော့မှ မနေထိုင်ဘူး ကိုယ့်လက်ခံယုံကြည်ရာအတိုင်းပဲ နေတတ်တယ်၊ နောက်ဆုံးတချက်ကတော့ ဝဝကစ်ကစ်လေးတွေမို့ ဖက်အိပ်ရင် နွေးနွေးထွေးထွေး ပိုရှိစေပါတယ်။

Source - Relationship rules

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။