အင်တာနက်ပေါ်တွင် ခွဲစိတ်ခန်းထဲမှာ selfieရိုက်ကာ ပုံများတင်သောကြောင့် ဝေဖန်မှုခံခဲ့ရသော House Surgeon ပြန်တောင်းပန်

FB မိတ်ဆွေများခင်ဗျား...

ကျွန်တော်ကတော့ ခွဲစိတ်ရုံ ၃ မန္တလေးဆေးရုံကြီးတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော လက်ထောက်ဆရာဝန်တဦးပါ။အများသိကြပြီးဖြစ်သော House surgeon တဦး၏ OT အတွင်း photo များရိုက်၍တင်ခဲ့ သော နေ့သည် သောကြာနေ့ နံနက်ပိုင်း ကျွန်တော်၏ ၂၄ နာရီ ဂျူတီကျသော အချိန်တွင် ဖြစ်ပေါ်ခဲ့တာပါ။ ဖြစ်စဉ်အကျဉ်းကတော့ ထိုနေ့သည် ခွဲစိတ်ရုံ ၃ ၏ ခွဲခန်းရက် ဆရာကြီး၊ငယ် အားလုံး ခွဲစိတ်ခန်းဝင်နေကြချိန်ပါ။HS များကိုတော့ ခွဲစိတ်မှုကိုကြည့်ခိုင်း၊အချို့ case များ ဥပမာ Hernia(အူကျခြင်း) ကို assist ဝင်ခိုင်းခြင်းများ ကို တာဝန်ပေးထားပါတယ်။ ဆရာတွေ အလုပ်ရှုပ်နေခိုက်မှာ HS ညီမငယ်တဦးက အပျော် အပြောင် လုပ်ပြီး photo တွေရိုက်လိုက်ပြီး FB တင်လိုက်မိပါတယ်။ဘယ်ဆရာမှ သတိမထားမိလိုက်ကြပါ။ ဆရာ တယောက်ယောက်က မြင်လိုက်မိရင်လည်း တားကြမှာပါ။အဲဒီ HS ညီမငယ်ကလည်း တင်လိုက်ချိန်မှာ privacy ကို public နဲ့ location ကို Surgical Unit 2 ဆိုပြီး မှားတင်မိပြန်ပါတယ်။ ဒါပေမယ့် ၁၅ မိနစ်ခန့်အချိန်အတွင်းမှာပဲ ဆရာတဦးက သိရှိသွားပြီး post ကို ပြန်ဖြုတ်ခိုင်းလိုက်ပါတယ်။HS ညီမငယ်ကလည်း ချက်ချင်း privacy ကို only me ပြောင်းလိုက်ပေမယ့် သူ့ post ကို အဲ့ဒီ ၁၅ မိနစ်အချိန်လေးအတွင်းမှာကို screenshot ရိုက်ယူသွားတဲ့သူတွေကရှိနေခဲ့ပါပြီ။ အဲ့ဒီ အတွက်လည်း SU 3 မှ Consultant အထူးကုဆရာဝန်ကြီး တဦးမှ ချက်ခြင်း သူ့ကို သတိပေး ဆုံးမခဲ့ပါတယ်။

ညပိုင်း ၈ နာရီမှာ အဲဒီ HS ညီမငယ် ဂျူတီ( night duty) ward ထဲ လာဆင်းပါတယ်။အဲဒီ အချိန်မှာ SS ရိုက်ထားပြီး ပြန်တင်ခံရတဲ့ သူ့ post က share သူပေါင်း ၂၀၀ ကျော်နေပါပြီ။ သူ့မ မျက်နှာလည်းမကောင်းပါ။ဒါပေမယ့် ward ရဲ့ လူနာသစ်တင်ပြီးနောက်ရက်၊ ခွဲခန်းနေ့ (post-admission day & OT day) ဖြစ်လို့ ward ထဲမှာ hourly monitoring, injection အလုပ်တွေအများကြီးကိုတော့ သူနဲ့ သူ့ သူငယ်ချင်း HS လေးယောက် ကတော့ အလုပ်မပျက်ပါ။သူ့ သူငယ်ချင်းတွေကိုပါ tag လုပ်မိတော့ သူ့ သူငယ်ချင်းနှစ်ယောက်ပါ စိတ်ညစ်နေကြတာပါ။သူတို့ FB account တွေကိုလည်း များစွာသော Friend request တွေ ရောက်လာကြလို့ သူတို့ FB account တွေကို ကြောက်ကြောက်နဲ့ deactivate လုပ်လိုက်ကြပြီး အလုပ်ဆက်လုပ်နေကြပါတယ်။ဒီအတွင်းမှာ HS အခြားသူငယ်ချင်းတွေဆီက ဖုန်းဝင်၊ Msg တွေနဲ့ လှမ်းပြောတာတွေလည်း ခံရပါတယ်။ည ၁၁ နာရီခန့်မှာ သူ့မရဲ့ SS post ကို share သူပေါင်း ၄၇၀ ကျော်ချိန်၊၊ သူမ အိမ်က ဖုန်းဝင်ပြီးချိန် မှာတော့ HS ညီမငယ် စငိုပါပြီ။ဒါပေမယ့် duty ခန်းထဲ သူမ ငိုနေချိန် လူနာရှင် တဦးက ဗိုက်နာလို့ လိုက်ကြည့်ပေးပါ လာခေါ်ချိန်မှာတော့ သူမ ချက်ခြင်း အငိုရပ်၊ မျက်ရည်တချက်သုတ်ပြီး လာပြီ၊လာပြီ ဆိုပြီး ချက်ခြင်း ထလိုက်သွားတာပါ။သူ့ ဂျူတီကိုတော့ မလစ်ဟင်းစေခဲ့ပါဘူး။ မနက်အစောကြီး ၃ နာရီခန့်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ အားလုံးကို တောင်းပန်တဲ့ post တင်ခဲ့ပြီး သူ့အမှားကို ဝန်ခံခဲ့ပါတယ်။

FB မိတ်ဆွေများခင်ဗျား... ကျွန်တော့်အမြင်အရ ခေတ်အလိုက် OT ဝတ်စုံနဲ့ selfie အမှတ်တရ (အပျော် အပြောင်မဟုတ်ပဲ) ရိုက်ခြင်းကိုတော့ မကန့်ကွက်ချင်ပါ။နောက်ခံ background တော့ သေချာရွေးချယ်သင့်ပါတယ်။ လူနာတွေ ခွဲစိတ်နေမှုကို နောက်ခံထားမိခြင်းက အမှားတခုလို့ပြောနိုင်ပါတယ်။လူနာများ၏အချက်အလက်များ ပေါက်ကြားခြင်း၊ လူနာ မည်သူမှန်းသိစေနိုင်ခြင်းတို့တော့ လုံးဝ မရှိခဲ့ပါ။

ဒါပေမယ့် HS ညီမငယ်သည် HSဖြစ်၊အလုပ်ဝင်သည်မှာ ၂ လမျှသာရှိသေးခြင်း၊ အသက်အားဖြင့် ၂၁-၂၂ ခန်ု့လူငယ်တဦး၊ အတွေ့အကြုံနုနယ်သေးခြင်း၊ စသည်တို့ကြောင့် ခုလို အပျော် အပြောင် OT ထဲ photo တွေရိုက်မိခြင်းပါ။သူ့မမှာ လူနာတွေကို မလေးမစားပြုလိုစိတ်၊ ဆရာကြီးများကို လှောင်ပြောင်လိုစိတ် တော့ မရှိပါ။ သူ့မမှာ stress ရှိ၊စိတ်ညစ်နေရပေမယ့် ward duty ကိုတော့ မလစ်ဟင်းခြင်း၊ ကိုယ်ပိုင် ခံစားချက်ကိုဘေးခဏချ(အငိုရပ်) ၍ လူနာ complaint ထရှင်းပေးနိုင်ခြင်း၊ သူ့အမှားသူသိ၍ တာဝန်ခံကာ FB မှ အားလုံးကို ပြန်တောင်းပန်ခြင်း စတဲ့ အချက်လေးတွေတော့ရှိနေပါတယ်။

သူမ တင်ခဲ့တဲ့ post ကို မှားမှန်းသိ၍ ၁၅မိနစ်အတွင်း ပြန်ဖျက်ခဲ့ပေမယ့် SS ယူထားသူ တွေကြောင့် ပျံ့နှံ့သွားခြင်း၊ တချို့သော FB user များက Screenshot ပုံများကိုတော့တင်ပြီး သူမကပြန်တောင်းပန်ထားတဲ့ post ကိုတော့ ထပ်၍မတင်ပေးတော့ခြင်း (အပြင်လောကတွင်ပင် ခွင့်လွှတ်နိုင်လောက်သည့် အပြစ်တခုကျူးလွန်မိပါက ပြန်လည်တောင်းပန်ပါက ခွင့်လွှတ် ကြေအေးနိုင်သော်လည်း Online FB တွင် ဤအခွင့်အရေးမရ ဖြစ်နေခြင်း) စသည့်အချက်များကိုလည်း သတိပြုပေးစေချင်ပါတယ်။

FB မိတ်ဆွေများခင်ဗျား...ယခုလို post တင်ခံရပြီး ၂ ရက်ရှိချိန်မှာတော့ လူငယ်တဦး၊ဆရာဝန်လောင်းတဦးက သူ့အမှားတခုလုပ်မိခြင်းအပေါ် ဝန်ခံတောင်းပန် သူ့လမ်းသူ ပြန်လည် တည့်မတ်နေချိန်ပါ။ မိတ်ဆွေတို့ လူနာရှင်များ ဘက်မှ ခံစားချက်အရ အပြုသဘော ဝေဖန်ထောက်ပြမှုများကိုလည်း တွေ့ရှိ ကျေးဇူးတင်ပါသည်။

ကျွန်တော်တို့ ဆရာဝန်များဘက်မှလည်း CS အထူးကုဆရာဝန်ကြီး ကိုယ်တိုင် သတိပေးဆုံးမ ခြင်း၊ ဆရာ အငယ်များမှလည်း ဝေဖန် လမ်းညွှန်ခြင်း၊ ကျွန်တော်တို့ ဆရာကြီး ဦးသန်းဝင်းမှလည်း သူမ၏အမှား ဝန်ခံတောင်းပန်ခြင်းအပေါ် FB မှ အသိပေး ချီးမွမ်းခဲ့ခြင်းတို့ ပြုလုပ်ပေးခဲ့ပါသည်။တကယ်ဆို HS များနှင့် အနီးကပ်နေရသော ကျွန်တော့် လို ဆရာ အငယ်မှာလည်း တာဝန်မကင်းပါ။ကျွန်တော်တို့ ဆရာအငယ်ရဲ့ သွန်သင်ဆုံးမမှု့ အားနည်းသွားချိန် ( workload များနေချိန်) လည်းပါ ပါတယ်။နောင်မဖြစ်အောင် ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုအပ်သလို ဝိုင်းဝန်းတည့်မတ်ပေးဖို့ လည်း ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။

ယခုလို ဆရာဝန်လောင်းတဦး သူ့ဘဝသူ ပြန်တည့်မတ်နေချိန်မှာတော့ မိတ်ဆွေများရဲ့ ဆက်လက် အငြင်းပွားစရာ ပြောဆိုမှုများကိုတော့ လူကြီးနှင့်လူငယ်၊ လူငယ်အချင်းချင်း စာနာစိတ်ဖြင့် သတိပြု ဆင်ခြင်ပေးစေလိုပါတယ်။ မိတ်ဆွေများရဲ့ share, like & comment များသည် လွတ်လပ်စွာ မိမိသဘောဆန္ဒအရ စိတ်တိုင်းကျရွေးချယ်ပေးနိုင်ပါသော်လည်း အသိပညာနုနယ်သေးသော လူငယ်တဦး လဲကျ ပြန်ထ၍ လမ်းမှန်ပြန်လျှောက်နေချိန် ကိုတော့ အထောက်အကူဖြစ်စေနိုင်ပါသလား၊ ယိုင်လဲနစ်မွန်းစေနိုင်ပါသလား ဆိုတာကိုတော့ တချက်စဉ်းစားပြီးမှ လုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံပါရစေခင်ဗျား။

(ကျွန်တော့်ခံယူချက်အရ Surgery is always Teamwork ဖြစ်လို့ Team မှာ အငယ်ဆုံး၊အတွေ့အကြုံအနုနယ်ဆုံး HS တဦး သူ့အမှားအတွက် ဝေဖန်ခံရ၊ လဲကျ ပြန်ထ နေတဲ့အချိန် ကိုယ့် Team member အတွက် ဝေဖန်ခံရမှုကိုလည်း မျှဝေခံစားမိသလို ပြန်လည်တည့်မတ်ကူညီ ပေးဖို့ လိုအပ်တယ်လို့ ခံယူမိပါသဖြင့် ယခု post ကို တင်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါသည်ခင်ဗျား....)

(၂၅.၉.၂၀၁၆)

ဟု facebook သုံးစွဲသူတစ်ဦးမှ တင်ထားခဲ့သည်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။