OPPO ကတော့ သိကြတဲ့အတိုင်း သုံးစွဲသူတွေအကြိုက် ထူးခြားဆန်းသစ်မှုတွေကို ပေးလိုက်ပြန်ပြီနော်။ နိုင်ငံတကာဈေးကွက်မှာ မိတ်ဆက်ထားပြီးဖြစ်တဲ့ OPPO F9 စမတ်ဖုန်းကို မြန်မာပြည်ထဲက စမတ်ဖုန်း ကောင်းကောင်း သုံးချင်သူတွေအတွက် မကြာခင်မှာ တရားဝင် မိတ်ဆက်ပေးတော့မယ်ဆိုတာ သတင်းကောင်းလေး ပေးလိုက်ပါရစေနော်။ OPPO F9 စမတ်ဖုန်းက ထူးခြား ဆန်းသစ်တဲ့အပြင် မိုဘိုင်းလောကမှာ ပထမဆုံးဖြစ်တဲ့ Waterdrop Screen ရေစက်ပုံစံမျက်နှာပြင် ကို စတင်အသုံးပြုထားတာဖြစ်ပြီး မျက်နှာပြင်ကျယ်ဝန်းပြည့်ဝလာတာနဲ့အမျှ ထိတွေ့သုံးစွဲမှု အပိုင်းကလည်း အားသာချက်များစွာကို ရရှိစေမယ်ဆိုတာ အသေအချာပါပဲ။

OPPO ရဲ့ ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်တဲ့ VOOC Flash Charge ဆိုတဲ့ အားအမြန်သွင်းစနစ် ကို OPPO F9 မှာ ထည့်သွင်းထာတာကြောင့် Battery အားကုန်မြန်လို့ စိတ်ညစ်နေတဲ့သူတွေ အတွက်တော့ သတင်းကောင်းနော်။ ဓါတ်ပုံရိုက် ဝါသနာပါတဲ့ ကိုကို၊ မမတွေ အတွက် အဆင့်မြှင့်တင်ပေးထားတဲ့ AI လုပ်ဆောင်မှုတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ Portrait ဓာတ်ပုံများ ရိုက်ကူးရရှိစေဖို့ Dual Rear Camera စနစ်လည်း ပါဝင်တာမို့ ကိုယ်နဲ့မကွာ ဖြစ်နေမှာကတော့ အသေအချာပါပဲ။ ဒီဇိုင်းကာလာအနေထားတော့ လာမေးမနေနဲ့ ခေတ်ဆန်စေရမယ်။ ဆန်းသစ်ပြီး ဖက်ရှင်ကျစေမယ့် အပြင် Gradient Color အရောင်ပြေးလေးတွေပါ ထည့်သွင်းပုံဖော်ထားတာမို့ ပရိသတ်တွေ အကြိုက်ပဲ ဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။

OPPO F9 ရဲ့ အသေးစိတ် အချက်အလက်များကို OPPO Myanmar ကနေ ဆက်လက် ကြေညာပေးသွားမှာ ဖြစ်တာကြောင့် https://www.facebook.com/oppomyanmar/ ကိုလည်း like ထားကြဖို့ အကြံပေးချင်ပါတယ်။ ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ OPPO F9 ကိုတော့ လတ်လွှတ်မခံသင့်ဘူးလို့ပဲ အကြံပေးလိုက်ပါရစေနော် … ။ Admin လည်း OPPO ကနေ OPPO F9 အကြောင်း မိတ်ဆက်ပေးပြီးတာနဲ့ အမြန်ဆုံး ပြေးဝယ်လိုက်တော့မယ် … ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။