အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့တဲ့အာရှအားကစားပြိုင်ပွဲဝင်မြန်မာအသင်းဟာဒီနေ့ည၇နာရီခွဲခန့်ကလေကြောင်းခရီးဖြင့်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပါတယ်။မြန်မာယူ၂၃ဘောလုံးအသင်းကိုမြန်မာဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊အားကစားသမားများရဲ့မိသားစ့ဝင်များလာရောက်ကြိုဆိုခဲ့ကြပါတယ်။

သြဂုတ်လ၁၅ရက်နေ့ကနေပြီးတော့အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့အာရှအားကစားဘောလုံးပြိုင်ပွဲကိုမြန်မာယူ၂၃ဘောလုံးအသင်းပါဝင်ယှဉ်ပြိုင်ခဲ့ပီးအာရှထိပ်သီးအသင်းတွေကိုခြေတူကစားခဲ့နိုင်ပေမယ့်ဂိုးကွာခြားချက်နဲ့အုပ်စုအဆင့်ကနေလှည့်ပြန်ခဲ့ရတာပါ။မြန်မာအသင်းဟာမြောက်ကိုရီးယား၊အီရန်၊ဆော်ဒီအသင်းတွေနဲ့အုပ်စုကျပ်ထဲကျရောက်ပီးတစ်ပွဲနိုင်တစ်ပွဲသရေတစ်ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့တာပါ။

နာမည်ကြီးအာရှထိပ်သီးအီရန်တို့လိုအသင်းမျိုးကိုခြေအသာနဲ့အနိုင်ယူခဲ့တဲ့မြန်မာအသင်းဟာအုပ်စုနဲ့ပဲကျေနပ်ခဲ့ရပေမယ့်အကောင်းဆုံးခြေစွမ်းရရှိထားတာပါ။မြန်မာအသင်းဟာဆက်လက်ပြီးဆူဇီကီးပြိုင်ပွဲမှာအောင်မြင်ဖို့အတွက်ဒီအသင်းကစားသများအများစုနဲ့ပြိုင်ပွဲဝင်မှာဖြစ်ပါတယ်။ကံတရားကြောင့်သာပြန်လာခဲ့တဲ့မြန်မာအသင်းကိုကြိုဆိုနေပုံလေးတွေကိုလည်းပရိတ်သတ်အတွက်မျှဝေပေးလိုက်ကပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။