Myanmar Idol Season 3ရဲ့winnerဆုရှင်ဖြစ်တဲ့ဖြိုးမြတ်အောင်ကတော့တစ်နိုင်ငံလုံးကပရိတ်သတ်တွေရဲ့အားပေးချစ်ခင်ခြင်းကိုခံရတဲ့သူလည်းဖြစ်ပါတယ်။အနုပညာလောကရဲ့ထိပ်တန်းအနုပညာရှင်တွေကတောင်အားပေးခဲ့ရတဲ့winnerတစ်ယောက်ဖြစ်ပါတယ်။

ခုမှာတော့Myanmar Idol Season 3ရဲ့ဒိုင်တစ်ဦးဖြစ်တဲ့မြန်မာပြည်သိန်းတန်ကတော့ဖြိုးမြတ်အောင်တို့မိသားစုနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။မြန်မာပြည်သိန်းတန်တို့ဇနီးမောင်နှံဟာပွဲတစ်ပွဲဆိုဖို့သွားရင်းတွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ဦးသိန်းတန်ကိုယ်တိုင်ချီးကျူးတာကိုခံရတဲ့ဖြိုးမြတ်အောင်ကတော့အဆိုမှာပါရမီရှိသူတစ်ယောက်ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ဟာဘာသာတရားကိုင်းရှိုင်းပြီးမိဘကိုသိတက်တဲ့သားလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်။သူရဲ့ရိုးသားဖြူစင်မှုကြောင့်ပရိတ်သတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်ခဲ့ရတာပါ။အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်နေပြီးမကြာသေးခင်ကပင်သရုပ်ဆောင်မြေမြင့်မိုရ်နဲ့တူတူအနုပညာအလုပ်တွေလုပ်ပြီးတော်တာကြောင့်ချီးကျူးခံရပါသေးတယ်။အနုပညာအလုပ်တွေလုပ်ပြီးပရိတ်သတ်တွေအတွက်ကြိုးစားနေတဲ့ဖြိုးမြတ်အောင်လေးကိုအားပေးလိုက်ပါဦးနော်။

SOURCE:Phyoe Myat Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။