သရုပ်ဆောင် မင်းသားချော ဖြစ်တဲ့ နေတိုးဟာ မြန်မာနိုင်ငံရဲ့ အချစ်တော် မင်းသားတွေထဲကတစ်ဦးဖြစ်သလို အနုပညာကြေးမြင့်တဲ့ မင်းသားတွေထဲက တစ်ဦးအပါအဝင်လဲ ဖြစ်ပါတယ်။ နာမည်ပျက်အရှူပ်အရှင်းကင်းပြီး ယနေ့တိုင်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ နေတိုး ရဲ့ အချစ်ရေးသတင်းကို ပရိသတ်တွေ အရမ်းမျှော်လင့်နေပြီ ဖြစ်သလို လူပျိုကြီးစာရင်းဝင်နေပြီဖြစ်တဲ့ သူကတော့ အနုပညာအလုပ်တွေမှာ ကြိုးစားလို့ ကောင်းနေဆဲပါပဲ။

ချစ်သူရှိပါတယိလို့ တရားဝင်ဖြေကြားခဲ့သလို သူရဲ့ ချစ်သူကအနုပညာအသိုင်းအဝိုင်းကလည်း မဟုတ်သလို ရခိုင်လူမျိုးလည်းမဟုတ်ပါဘူးလို့ဆိုခဲ့ပါတယ်။ မကြာသေးခင် လအနည်းငယ်ကပဲ နေတိုးဟာ သူ့ရဲ့ ကိုယ်ပိုင် ရုပ်ရှင် Studioတစ်ခုကို သိန်းထောင်၊ သောင်းချီတဲ့ ကုန်ကျမှုတွေနဲ့ တည်ထောင်လိုက်တာဖြစ်ပါတယ်။ အကယ်ဒမီဆုကိုလည်း ရယူထားနိုင်ပြီ ဖြစ်သလို ဒီရက်တပတ်အတွင်းမှာပဲ ရုံတင်သွားခဲ့တဲ့ "တိမ်တိုက်တံတား" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နေတိုးရဲ့ သရုပ်ဆောင်ချက်တွေက တကယ့်ကို အသက်ဝင်လှပါတယ်။

လက်ရှိမှာလည်း ရုပ်ရှင် ဇာတ်ကောင် ကာရိုက်တာတစ်ခုအတွက် အမျိုးသမီး တစ်ဦးလို ပြင်ဆင်ဝတ်စားထားပြီး မိတ်ကပ်ကိုတော့ မေဦးက ပြင်ဆင်ပေးထားသလို အဝတ်အစားနဲ့ ဖက်ရှင်လ် ကိုတော့ ကိုမင်းသက်စံက ပြင်ဆင်ထားပေးတာဖြစ်ပါတယ်။ Sexy ကျတဲ့မိန်းကလေးရယ်၊ အေးချမ်တဲ့ မိန်းကလေးရယ်၊ထိုပုံစံနှစ်မျိုးနဲ့ တွေ့ရှိရမဲ့ နေတိုးရဲ့ ရိုက်ကွင်းအမှတ်တရပုံရိပ်တွေကို ကိုမင်းသက်စံက မျှဝေလိုက်ပြီး နှစ်ခါပြန်ကြည့်ရလောက်အောင် ပရိသတ်တွေ မျက်လုံးပြူးသွားစေမဲ့ နေတိုးရဲ့ အမိုက်စား sexyကျကျ မိန်းကလေးအသွင် နဲ့ လှပနေတာကို ရုပ်မနည်းဖမ်းယူနေရမှာပါ။လက်ရှိ ရိုက်ကူးနေဆဲ ဒီရုပ်ရှင်ဇာတ်ကောင်ကိုတော့ အမည်နာမ ဖော်ပြထားခြင်းမရှိသေးသလို ပရိသတ်တွေ အရမ်းပဲ  စိတ်ဝင်စားနေကြမယ်ထင်ပါတယ်နော်။

source: Min Thet Saen & May oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။