ဖားကန့်တွင် လူ ၉ ဦးမြေပိသေဆုံး

၉.၂.၂၀၁၇ နေ့ ည ၉:၃၀ ချိန်ခန့်က ဖားကန့်ကျောက်စိမ်းတွင်းဒေ ဆိပ်မူအုပ်စု နမ့်မှော်ကျေးရွာအနီး မော်လကင်မှော်ရှိ မင်္ဂလာတော်ဝင် (အများအခေါ် ရတနာစန်းရွှင် ) ကျောက်မျက်တူးဖော်ရေးကုမ္မဏီ လုပ်ကွက်အတွင်း ကျောက်တောင်ကမ်းပါးယံပြိုကျမှုကြောင့် တပိုင်တနိုင် ကျောက်စိမ်းတူးသူများ မြေပိသေဆုံး သိဟုသိရသည် ။

လောလောဆယ် မြေပိသေဆုံးသူ ရုပ်အလောင်း (၆) ဦးတူးဖော်ရရှိပြီး ၁၀.၂.၂၀၁၇ နေ့နံက်တွင် ဆက်လက်ရှာဖွေရာ (၃) ဦး ထပ်မံ ရှာဖွေ တွေ့ရှိပြီး စုစုပေါင်း မြေပိသေဆုံးသူ (၉) ဖြစ်သည်ဟု သင်္ခါ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြပါသည် ။

၁၀.၂.၂၀၁ရနေ့ နေ့လည် ၁၂ နာရီမှာ အားလုံး ရှာဖွေပြီးစီး သွားပြီး မြေပိသေဆုံးသူ စုစုပေါင်း (၉) သာ သေဆုံးကြောင်း ရှာဖွေသူများထံမှ သိရပါသည် ။

ဇော်မိုးထက် ( ဖားကန့် )

via-YinYin Thein Naba

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။