ယခုအချိနိထိ ဘယ်ပညာရှင်မှအဖြေရှာလို့မရတဲ့ ခွေးသေတံတားရယ်လို့နာမည်ကြီးတဲ့ ထူးဆန်းတဲ့တံတား။ Overtoun Bridge လို့အမည်ရတဲ့ ဒီတံတားဟာ စကော့တလန်နိုင်ငံ၊ West Dunbartonshire မှာ 1895 ခုနှစ်မှာ Civil Engineer တစ်ယောက်ဖြစ်တဲ့ H.E.Milnerကနေ ဆောက်လုပ်ပြီးစီးခဲ့တာပဲဖြစ်ပါတယ်။

ဒီတံတားဟာ ပေ၅၀ အမြင့်ရှိပြီး တစ်ကမ္ဘာလုံးရဲ့စိတ်ဝင်စားမှုကိုရရှိလာတဲ့အကြောင်းအရင်းတစ်ခုကတော့ တံတားပေါ်ကနေ အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ခွေးတော်တော်များများဟာ အကြောင်းအရင်းရှာမရနိုင်ဘဲ ခုန်ချသေဆုံးသွားတတ်လို့ပဲဖြစ်ပါတယ်။ ခွေးပိုင်ရှင်တွေဟာ တံတားပေါ်ဖြတ်တဲ့အချိန် သူတို့ခွေးလေးတွေ ရုတ်တရက်ခုန်ချသေဆုံးမှုကို လူမှုကွန်ယက်မှာပြောကြားလာအပြီးမှာတော့ ဒီတံတားဟာ ပိုပြီးနာမည်ကြီးလာပါတယ်။ ထူးခြားတာတစ်ခုကတော့ တံတားရဲ့ တူညီတဲ့တစ်ဖက်ခြမ်းကနေပဲ ခွေးတွေက ခုန်ချကြတာဖြစ်ပါတယ်။

ဒီခုန်ချရတဲ့အကြောင်းအရင်းကို ကြိုးစားစစ်ဆေးရှာဖွေကြပေမယ့် မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီတံတားပေါ်မှာတော့ ကြေကွဲဖွယ်ကောင်းတဲ့အဖြစ်အပျက်တစ်ခုဟာ ခွေးသေတံတါးရယ်လို့အမည်မတွင်ခင် ဟိုးတစ်ချိန်တုန်းက ဖြစ်ပွားခဲ့ဖူးပါတယ်။

ဒီတံတားအနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့သူတွေက တံတားကို သရဲခြောက်တယ်ဆိုပြီး အခိုင်အမာပြောဆိုကြပါတယ်။ ၁၉၉၄ခုနှစ်မှာ Kevin Moy အမည်ရ အဆိုပါအရပ်မှာနေထိုင်သူတစ်ဦးဟာ သူ့ရဲ့ကလေးငယ်ကို တံတားပေါ်ကနေ ပစ်ချခဲ့တဲ့အမှု ဖြစ်ပွားခဲ့ဖူးပါတယ်။ Kevin ဟာ သူ့ရဲ့ကလေးငယ်ကို Anti-Christ တစ်ယောက်လို့ယူဆပြီး တံတားပေါ်ကပစ်ချကာ သတ်ပစ်ခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာ သူကိုယ်တိုင် တံတားပေါ်ကနေ ခုန်ချပြီးသတ်သေဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

လေ့လာသူတွေရဲ့ပြောကြားချက်အရ အိမ်မွေးတိရစ္ဆာန်ခွေးတွေဟာ လူတွေမသိနိုင်၊ မမြင်နိုင်၊ မကြားနိုင်တဲ့အရာတွေကို ကြားနိုင်သိနိုင်စွမ်းရှိတာကြောင့် သမိုင်းကြောင်းမှာဖြစ်ပွားခဲ့တဲ့ ဒီလူသတ်မှုဟာ တံတားပေါ်ကနေ ခွေးတွေခုန်ချတာနဲ့ဆက်စပ်မှုရှိမယ်လို့ ယူဆထားကြပါတယ်။

Source : Wikipedia, Dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။