နယ်သာလန်အခြေစိုက် Pal V ကုမ္ပဏီကနေ ကမ္ဘာ့ပထမဆုံး မိုးပျံကားကို စတင်မိတ်ဆက်ပြသလိုက်ပြီပဲ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာကျင်းပခဲ့တဲ့ နည်းပညာပြပွဲတစ်ခုမှာ စတင်မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါကားတွင် အင်ဂျင်နှစ်ခုပါရှိပြီး မြေပြင်ပေါ်မှာမောင်းနှင်နိုင်တဲ့ အင်ဂျင်တစ်ခုနဲ့ ဝေဟင်တွင် ပျံသန်းဖို့အတွက် ရဟတ်ယာဉ်အင်ဂျင်တစ်ခုပါဝင် တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ 

ထုတ်လုပ်မှု စရိတ်ပေါင် ၄သိန်းကျော်ကုန်ကျပြီး ဘီး ၃ဘီး ပါဝင်ပါတယ်။ မြေပြင်တွင်တော့ ၁နာရီကို မိုင် ၁၀၀ကျော်မောင်းနှင်နိုင်ပြီး ဝေဟင်တွင်ပျံသန်းနှုန်းကိုတော့ မဖော်ပြထားသေးပါဘူး။ အဆိုပါကားကို ကာဗွန်ဖိုက်ဘာ ၊ အလှုမီနီယမ် တို့နဲ့ ပြုလုပ်ထားပြီး ကုမ္ပဏီအနေနဲ့ အဆိုပါကားကို ၂၀၁၉ခုနှစ်တွင် ဈေးကွက်အတွင်း ထိုးဖောက်နိုင်မယ်လို့မျှော်မှန်းထားပါတယ်။ 

ထိုကားတွင် နှစ်ယောက်ထိ စီးနင်းနိုင်မှာ ဖြစ်ပြီး ဝေဟင်တွင် မြေပြင်အထက် ပေ၄၀၀၀ ကျော်အထိ ပျံသန်းနိုင်တယ်လို့ လည်း သတင်းများ ထွက်ပေါ်လျက်ရှိနေပါတယ်။ အဆိုပါ ကားဟာ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်တဲ့ ကားတွေရဲ့ ရှေ့ပြေးပုံစံတစ်ခုဖြစ်ပြီး မိုးပျံကားတွေရဲ့ ခေတ်တစ်ခေတ်ကို စတင်စိုက်ထူနိုင်ခဲ့တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

Source : Passion Luxury 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။