Wilmington, North Carolina မှ Elliotte Sargent ဆိုတဲ့ကလေးမလေးကို

စက်တင်ဘာလက မွေးဖွါးခဲ့ပါတယ်။

သန္ဓေသားဘဝ ၁၉ ပါတ်ကိုယ်ဝန်မှာကတည်းက

ကလေးငယ်ရဲ့ကိုယ်တွင်းအင်္ဂ ါအစိတ်အပိုင်းအချို့

ကိုယ်ပြင်ပကိုရောက်နေတယ်ဆိုတာ ကြိုသိရှိခဲ့တယ်။

ဒါကို Gastroschisis လို့အမည်တပ်ထားတယ်။

မွေးဖွါးစ ကိုယ်အလေးချိန် ၆ ပေါင် ၂ အောင်စရှိပေမဲ့

အစာအိ်မ်၊ အူ၊ မျိုးဥပြွန်နဲ့ သားအိမ်တို့ဟာ

ခန္ဓာကိုယ်ပြင်ပမှာတွဲလျက်မွေးဖွါးလာတယ်။

ဒါကြောင့် မွေးဖွါးပြီးပြီးချင်း မိခင်ကိုတောင်ချီခွင့်မပေးတော့ပဲ

၂ နာရီကြာတဲ့ခွဲစိပ်မှုစတင်ပြုလုပ်ကာ

အင်္ဂ ါအစိပ်အပိုင်းများကို ကိုယ်တွင်းသို့ပြန်ထည့်ပေးကြတယ်။

ဒါပေမဲ့ အားလုံးပြန်ဝင်နိုင်တဲ့အခြေအနေမှာမရှိတဲ့အတွက်

အချို့ကိုလေမထိအောင် ပလတ်စတစ်နဲ့ဖုံးကာပြီး

ကမ္ဘာ့မြေဆွဲအားအကူအညီနဲ့ အလိုအလျောက်ပြန်ဝင်အောင်ပြုလုပ်ခဲ့တယ်။

၁၂ ရက်အကြာမှာတော့ ပလတ်စတစ်အိတ်ထဲကကိုယ်တွင်းအင်္ဂ ါတွေဟာ

သဘာဝအတိုင်းကိုယ်တွင်းကိုပြန်ဝင်ပြီး လျော့နည်းလာတာတွေ့ရတယ်။

၆၃ ရက် ဆေးရုံမှာပြုစုပေးပြီးတဲ့အခါမှာတော့

ကလေးငယ်ဟာ ကျန်းမာရေးပြည့်ဖြိုးလာပါပြီ။ကိုယ်အလေးချိန် ၈ ပေါင်ပြည့်တဲ့အခါမှာတော့

မိဘများနဲ့အတူ အိမ်ပြန်ခွင့်ရရှိခဲ့ပါတယ်။

အခု သူမဟာ ၄ လကျော်အရွယ်ရှိနေပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။