ဦးလေးဖြစ်သူ၏ အဓမ္မပြုကျင့်မှုကြောင့် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

အိမ်မဲမြို့နယ် ကုလားတန်း ကျေးရွာနေ အသက် (၂)နှစ်အ ရွယ် ကလေးငယ်အား ဖေဖော်ဝါရီ ပထမပတ်အတွင်း တစ်ဖက်ရွာ၌ စျေးသွားရောင်းသည့် အဘိုးဖြစ်သူထံ ပို့ပေးမည်ဟုဆိုကာ အဒေါ်တော်စပ်သူ၏ ခင်ပွန်းကခေါ်ဆောင်သွားပြီးနောက် အဓမ္မပြုကျင့်ခံရကြောင်း လူကောင်း ကျွန်း နယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးကဆိုသည်။

ကလေးငယ်၏ အဘိုးသည် တစ်ဖက်ရွာရှိ ဘောလုံးပွဲ၌ စျေး သွားရောင်းခဲ့ရာမှ ည ၁၀ နာရီခန့်တွင် နေအိမ်သို့ ပြန်ရောက်ကာ အိပ်ရာဝင်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက် နံနက် ၄ နာရီတွင် မိန်းက လေးငယ်၏ အဒေါ်က လာနှိုးမှ သာ သေဆုံးနေခြင်းကို သိရှိခဲ့ ကြောင်း ၎င်းက ဆက်လက်ရှင်း ပြသည်။

‘‘ကလေးရဲ့အဖေနဲ့အမေက ထိုင်းမှာ အလုပ်သွားလုပ်နေကြ တာ။ ဒီမှာက ကလေးကို အဘိုးနဲ့ အဒေါ်နဲ့ထားခဲ့တာ။ အခုဖြစ်သွားတာက ကလေးအဒေါ်ရဲ့ ယောက်ျားက ပြစ်မှုကျူးလွန်ခဲ့ တာလို့တော့ လတ်တလော ယူ ဆထားတယ်။ တရားခံကိုလည်း လိုက်နေတုန်းပါပဲ’’ဟု ၎င်းက ဆို သည်။

မိန်းကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ မေးမြန်းရာ ဖေဖော်ဝါရီ ၅ ရက် နံနက်က အဒေါ်တော်စပ်သူ၏ ခင်ပွန်းဦးမိုးကျော်က ကလေးငယ်အား အဘိုးဖြစ်သူထံ ပို့ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ည ၁၀ နာရီခန့်တွင် နေအိမ်သို့ ပြန်ခေါ်လာကာ ဒေါ်ခင်ချိုသက်အား ကလေး အိပ်နေသည်ဟုပြောဆို၍ ခြင်ထောင် အတွင်းသို့ ထည့်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

မိန်းကလေးငယ် သေဆုံးသည်ဟု သိရချိန်တွင် ဦးမိုးကျော်သည် ထွက်ပြေးတိမ်းရှောင်နေပြီး ကလေးငယ်၏ ဘယ်ဘက်နဖူးနှင့် ပါးတို့၌ ပွန်းခြစ်ဒဏ်ရာများအပြင် အဓမ္မပြုကျင့်ခံရသည့် လက္ခဏာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

အသက်(၂)နှစ်အရွယ် မိန်း ကလေးငယ်အား သေဆုံးသည် အထိ အဓမ္မပြုကျင့်ခဲ့သူဟု သံ သယရှိသည့် အသက် (၃၇)နှစ် အရွယ် မိုးကျော်ကို လူကောင်း ကျွန်း နယ်မြေရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၇၆ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း အ ဆိုပါရဲစခန်းက သိရသည်။

Source: 7Day News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။