အယုဒ္ဒယမှ လုသွားသည့် ရွှေများဖြင့် ရွှေတိဂုံစေတီကို တည်ထားသည်ဟု အွန်လိုင်းဗီဒီယိုတွင် စနောက်ခဲ့သည့် ထိုင်းအခြောက်မယ် တောင်းပန်

ထိုင်းနိုင်ငံမှ ဖြတ်ဖောက်ချုပ် မိန်းမလျာ ဖေ့စ်ဘုတ်အိုင်ဒေါ မော်ဒယ်တစ်ဦးက ရွှေတိဂုံစေတီတော်တွင် မသင့်လျော်သည့် ဝတ်ဆင်မှုများဖြင့် ဓာတ်ပုံအရိုက်ခံခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး မြန်မာဖေ့စ်ဘုတ်

အသုံးပြုသူများအကြား ဝေဖန်မှုများ မြင့်တက်လာသည့်အတွက် တောင်းပန်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းလူမျိုး မိန်းမလျာဆယ်လီ Nisamanee Lertvorapong သည် ဖက်ရှင် ဆန်းသစ်ချုပ်လုပ်ထားသည့် ရင်ဟိုက်လွန်းသည့် ထိုင်းဝတ်စုံကို သူမ ရွှေတိဂုံစေတီတော်အား

သွားရောက်ဖူးမြော်ရာတွင် ဓာတ်ပုံအရိုက်ခံခဲ့ပြီး အဆိုပါ ပုံများအား

၎င်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် တင်ခဲ့သည်။ သူမ ဖေ့စ်ဘုတ်စာမျက်နှာတွင်

ကြည့်ရှုသူ ၇ သိန်းခန့်ရှိကြောင်း သိရသည်။

အဆိုပါ မိန်းမလျာမော်ဒယ်က ရွှေတိဂုံစေတီအား လည်ပတ်မှုအား ၄င်း၏ ဖေ့ဘုတ်မှ Live လွင့်တင်ခဲ့ပြီး အဆိုပါ Live Video တွင် တစ်ချိန်က ထိုင်းနိုင်ငံ၏ အယုဒ္ဒယခေတ်ကာလက လုယူသွားသည့် ရွှေများဖြင့် ရွှေတိဂုံစေတီကို တည်ထားခြင်းဖြစ်ကြောင်း

၎င်း၏ ပရိသတ်အား ပြက်လုံးသဘောဖြင့် တီးတိုးအတင်းတုတ်သည့် ပုံစံ ပြောဆိုခဲ့သည်ဟု The Nation သတင်းစာကြီးက ဖော်ပြခဲ့သည်။

၎င်း၏ တင်ထားသည့် ဓာတ်ပုံများ ပြောစကားများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားအချို့က ဒေါသ

အမျက်ထွက်ကာ မှတ်ချက်ပေး ပြောဆိုခြင်းများပြုခဲ့သည်။ အယုဒ္ဒယ ခေတ်ကာလအတွင်း မြန်မာမှ

ရွှေများ လုယူသွားကြောင်း မှတ်ချက်ပြုပြောခဲ့သည့်အပေါ်

မြန်မာနိုင်ငံမှ ဖေ့စ်ဘုတ်အသုံးပြုသူများကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားသည့်အတွက် Nisamanee အနေဖြင့် တောင်းပန်ကြောင်း ဆိုထားသည်။ 

သူ့ အနေဖြင့်

ကွဲပြားခြားနားသည့် ယဉ်ကျေးမှုအပေါ် နားမလည်သည့်အတွက် တောင်းပန်ကြောင်း

မရည်ရွယ် စနောက်ပြောဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး အမှားကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများကို

တောင်းပန်ပါတယ်” ဟု ရေးသားခဲ့သည်။

သူ၏ ဝတ်စားဆင်ယင်မှုမှာ မတော်တရော်ဖြစ်ကြောင်းကို ၎င်းကိုယ်တိုင် အမှန်တကယ် မသိရှိကြောင်း အဘယ်ကြောင့်ဆိုသော် ၎င်းအနေဖြင့် သူ့ကို မည်သူကမှ လာရောက်တားမြစ်ခြင်း မရှိသည့်အတွက် လုပ်ဆောင်ခဲ့မိခြင်း ဖြစ်ကြောင်း ပြောသည်။

Source: The Ladies

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။