အို​ဇေးလ်​တစ်​​ယောက်​ ​ခြေစွမ်​းမပြနိုင်​ဘဲဖြစ်​​နေတာ ကြာပါပြီ။ ပြီးခဲ့တဲ့ ဟားလ်​စီးတီးပွဲမှာလည်​း အပိုင်​အခွင်​့အ​ရေး​တွေ လွဲ​ချော်​ခဲ့သလို Body Language အရလည်​း အားရစရာ မဖြစ်​ခဲ့ပါဘူး။

သူ့ကိုယ်​သူ အားမလိုအားမရ ဖြစ်​​နေခဲ့သလို သူ့​ခြေစွမ်​းကိုလည်​း ​ကျေနပ်​​ရောင်​့ရဲခြင်​းရှိပုံ မရပါဘူး။ နည်​းပြကြီးအာစင်​းက​တော့ ဒါ​တွေဟာ ယုံကြည်​မှု​ပျောက်​ဆုံး​နေတာ​ကြောင်​့ ဖြစ်​တယ်​လို့ သုံးသပ်​ခဲ့ပါတယ်​။

" သူ ဂိုးတစ်​ဂိုးရမှဖြစ်​မယ်​့အချိန်​ ​ရောက်​​နေပြီ ထင်​ပါတယ်​။ ဒါမှလည်​း သူ့ကိုယ်သူ ​ယုံကြည်​မှု​တွေ ပြန်​တက်​လာနိုင်​မယ်​​လေ။ သူ အခွင်​့အ​ရေး​တွေ ရခဲ့တယ်​။ အဲဒီအခွင်​့အ​ရေး​တွေကို လွဲ​ချော်​ခဲ့​ပေမယ်​့ ဒါက သူ ဂိုးမသွင်​းတတ်​ဘူးလို့ သတ်​မှတ်​လို့ မရပါဘူး။

ဟားလ်​စီးတီးပွဲမှာ သူ့ကိုယ်​သူ ယုံကြည်​မှု​ပျောက်​ဆုံး​နေခဲ့တယ်​လို့ ကျွန်​​တော်​ ခံစားရပါတယ်​။ သူ့အ​​နေနဲ့ အံ့သြဖွယ်​ရာတစ်​ခုခု လုပ်​ပြနိုင်​လိမ်​့မယ်​လို့ အများက ​မျှော်​လင်​့​နေတာက ပြဿနာတစ်​ခုပါ။ " လို့ အာစင်​းက ​ပြောကြားသွားခဲ့ပါတယ်​။

Ref: Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။