ချဲဆီးအသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဂယ်ရီကာဟေးလ်က နောက်ဆုံး 3 ပွဲမှာ ကစားခဲ့တဲ့ ကော်စတာရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး အပြစ်တင်မနေကြဖို့ ပရိသတ်တွေကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ တိုက်စစ်မှုး ကော်စတာဟာ ဘန်လေအသင်းကို သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဂိုးပေါက်တည့် ကန်သွင်းမှု တစ်ကြိမ်တောင်မရှိခဲ့သည်အထိ ခြေစွမ်း ကျဆင်းခဲ့သော်လဲ ကာဟေးလ်ကတော့ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည် အားနည်းခဲ့တာကြောင့် ကော်စတာအနေနဲ့ အခုလို ခက်ခဲတဲ့ အခိုက်အတန့်တစ်ခုကို ကြုံတွေ့နေရတာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

" သူ (ကော်စတာ) ဂိုးမသွင်းနိုင်ဘူးဆိုတာ ကျနော့်စိတ်ထဲဖြင့် အရေးကြီးခွင်ကျယ် လုပ်နေရမယ့် အရာလို့တောင် တွေးမထားပါဘူး။ ဒါမျိုးတွေက တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်နဲ့ ပိုပြီးတော့ ဆက်စပ်နေတာပါ။ ကျနော်တို့သာ လက်ရှိပုံစံထက် ပိုပြီးကောင်းအောင် ကစားပြနိုင်မယ်ဆိုရင် သူ့အတွက်အလဲ အခွင့်အရေးတွေ ပိုရလာမယ်လို့ ထင်ပါတယ်။

ဒီရာသီမှာ အခုလိုအနေအထားထိရောက်အောင် ကျနော်တို့အားလုံး ကြိုးစားလာခဲ့ပြီးပြီလေ။ လိုချင်တာရအောင်ယူမယ်ဆိုတဲ့ စိတ်ဓါတ်တွေ မွေးထားရင် ဘာမှမခက်ခဲပါဘူး။ လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားရမှာပါ။ လှိုင်ဂူ အဆုံးမှာ အလင်းရောင်လေးဆိုတာ ရှိစမြဲမို့ ကိုယ့်စိတ်ဓါတ်တွေကို အကောင်းဆုံးမြှင့်တင်ထားရင်း အလုပ်တွေကို အာရုံစိုက် ကြိုးစားသွားမှာပါ" လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ချဲဆီးအသင်းဟာ လာမယ့် စနေနေ့မှာတော့ FA Cup ပွဲစဉ်အဖြစ် ၀ုဖ်ဗာဟမ်တန် အသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပြီး အဲဒီနောက်မှာတော့ ဆွမ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကစားသွားရမှာ ဖြစ်ပါတယ်။

Ref., DailyMail


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။