အဆိုတော် လင်းလင်း ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲများ အကြောင်း စာနယ်ဇင်းရှင်းလင်း မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂၅) ရက်နေ့ နေ့လည်က ရန်ကုန်၊ Sule Shangri-La Hotel မှာ ကျင်းပပြုလုပ်ခဲ့ပြီး လင်းလင်း ရဲ့ ဇနီးချော ချစ်သုဝေ လည်း စာနယ်ဇင်းရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပါတယ်။ ချစ်သုဝေမှ အမြွှကိုယ်ဝန်အား ဇန်နဝါရီလလယ်တွင်မွေးဖွားမည်ဟု ခန့်မှန်းထားကြောင်းလဲပြောဆိုခဲ့ပါတယ်။

အဆိုတော် လင်းလင်း ရဲ့ "LYNN LYNN ROCK TOUR" One Man Show ဂီတဖျော်ဖြေပွဲတွေကို Dream Lover Music Band နှင့် အတူ မြို့ ကြီး (၅) မြို့ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး နှင့် မကွေး မြို့ တို့မှာ ကျင်းပပြု လုပ်သွားမယ်လို့ သိရပါတယ်။

Source : facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။