တစ်ကယ့်ကိုဆေးရောင်စုံခြယ်ထားသလို သစ်ခေါက်နဲ့ပင်စည်နေရာတွေဟာ သဘာဝအတိုင်း လှလျက်ရှိနေပါတယ်။ ဒီသစ်ပင်တွေရဲ့မျိုးစိတ်ဟာ Rainbow Eucalyptus ခေါ် Eucalyptus Deglupta အမျိုးအစားဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ မကြာခဏတွေ့နိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။

ဒီအပင်ရဲ့ ပင်စည်ဟာ ရောင်စုံကာလာရှိပြီး တစ်နှစ်တစ်ခါ ကွာကျတတ်တယ်လို့ဆိုပါတယ်။ ပင်စည်ရဲ့အသားဟာ နူးညံ့ပြီးဘအဖတ်ကလေးတွေလိုဖြစ်နေတတ်ပါတယ်။ ဒီသစ်ပင်ကို ဖိလစ်ပိုင်နိုင်ငံ Mindanaoအရပ်မှာ တွေ့ရှိနိုင်ပေမယ့် ယခုဆိုရင်တော့ Hawaii, California, Texas, နဲ့ Florida အစရှိတဲ့နေရာတွေမှာ တွေ့ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပင်စည်ဟာ တစ်နှစ်တစ်ခါ ကွာကျပြီးနောက် အတွင်းသားကို အစိမ်းရောင်တောက်တောက်အနေနဲ့ မြင်ရမှာဖြစ်ပြီး သိပ်မကြာခင်အချိန်မှာ တခြားအရောင်ပါပေါ်လာပြီး ရောင်စုံပင်စည်အသစ်ဖြစ်သွားတတ်တယ်လို့ ဆိုကြပါတယ်။ ဒီသစ်ပင်ဟာ အမြင့်ပေ၂၅၀ ပေအထိ ရှည်လျားကြီးထွားနိုင်ကြပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။