ရဲတပ်ကြပ်ကို တမင်ကားနဲ့တိုက်သတ်ခဲ့သူအား ယာဉ်မဆင်မခြင်မောင်းနှင်မှုနှင့်သာ အမှုဖွင့်ထား

မြောက်ဥက္ကလာပမြို့နယ်မှာ နယ်ထိန်း ရဲတပ်ကြပ်ကိုု ကားနဲ့ တိုုက်ခဲ့တဲ့ ကိုိဇော်သန့်ရဲ့ဖခင်ဖြစ်သူက ငွေနဲ့စည်းရုံးခဲ့ပေမယ့်လက်ခံခြင်းမရှိဘဲအမှန်တရားတိုင်းသာ ဖြစ်စေချင်တဲ့ အတွက် ငြင်းဆိုုခဲ့တယ်လိုု့ သေဆုုံးသူရဲ့ဇနီးဖြစ်သူ ဒေါ်ယဉ်နွယ်ဦးကပြောပါတယ်။

ရဲတပ်ကြပ် ညီညီထွေးဟာ မတော်တဆကားတိုုက်မှုနဲ့ သေဆုုံးတာမဟုုတ်တဲ့အတွက် တရားခံကိုု အမှန်အတိုုင်း အပြစ်ဒဏ်ကျခံစေချင်တယ်လိုု့ ဒေါ်ယဉ်နွယ်ဦးကပြောပါတယ်။

“သူ့အဖေကိုုယ်တိုုင်ကလာစည်းရုုံးတယ်။အဲ့ဒီနေရာမှာသူ့သားသမီး၊သူ့မိသားစုုဆိုုရင်ဘယ်လိုုနေမလဲ။သူအဖေက တန်ရာတန်ကြေးပေးပြီး ဒီအမှုကိုု ကြေအေးခိုုင်းတာ။

အစ်မနဲ့ သားလေးရဲ့တံတိုုင်းကြီးမရှိတော့ ဘူး။မလုံခြုံတော့ဘူး၊အစ်မသူတိုု့ဆီက ဘာမှမလိုုချင်ဘူး၊တန်ရာတန်ကြေးတိုုင်းပဲ လုုပ်စေချင်တယ်၊ထိရောက်တဲ့ အပြစ်ဒဏ်ကျစေချင်တယ်။အမှန်တရားအတိုုင်းပဲ။”လိုု့ ဒေါ်ယဉ်နွယ်ဦးကပြောပါတယ်။ ကားနဲ့ မတော်တဆတိုုက်ခဲ့တယ်ဆိုုရင် လူငယ်တွေ သောက်စားထားတဲ့ အတွက် ဆိုုပြီး ခွင့်လွတ်နိုုင်ပေမယ့် အခုဖြစ်စဉ်ကိုုတော့ ခွင့်မလွတ်နိုုင်ပါဘူးလိုု့ ဒေါ်ယဉ်နွယ်ဦးက ဆက်ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဇော်သန့်ကိုု ထိထိရောက်ရောက်စံနမှုနာပြအရေးယူဆောင်ရွက်သင့်ပြီး ပြစ်ဒဏ်ပေါ့လျော့မိပါက တရားစီရင်ရေးမှာပါပေါ့လျော့မှာဖြစ်တဲ့အတွက် လျော့ပေါ့တဲ့လူက သမိုုင်းတရားခံတွေ ဖြစ်လာကြမယ်လိုု့ ရဲတပ်ကြပ် ညီညီထွေးရဲ့ တူ ကိုုစည်သူအောင်ကပြောပါတယ်။

“မှန်ကန်မ ျှတတဲ့ ပြတ်သားတဲ့ ဥပဒေကိုုဖော်ဆောင်ဖိုု့မိသားစုုဝင်တွေရဲ့ အလိုုချင်ဆုုံးဆန္ဒဖြစ်တယ်။

တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်ကိုု ကျူးလွန်သူကိုု ထိရောက်တဲ့ အရေးမှုဆောင်ရွက်နိုုင်မှသာသာမာန်ပြည်သူရဲ့ဘဝများစွာကိုု အေးချမ်းလုုံခြံစွာနေထိုုင်နိုုင်ကြမှာ။”လိုု့ ကိုု စည်သူအောင်ကပြောပါတယ်။

ရဲတပ်ကြပ် ညီညီထွေးဟာဖေဖော်ဝါရီ ၁၃ရက်မနက် ၁၂နာရီကျော်ခန့်က လှည့်ကင်းတာဝန်ထမ်းဆောင်နေခဲ့ပြီးမြောက်ဥက္ကလာပမြို့နယ်(စ)ရပ်ကွက်သန္တာ၆လမ်းထိပ်မှာ ဆူပူအရက်သောက်စားနေတဲ့ လူငယ်တစ်စုုကိုု အိမ်ပြန်ခိုင်းခဲ့ပါတယ်။

အဲ့ဒီနောက်ည ၂နာရီ၃ဝအချိန်မှာဝဇီရာလမ်းထိပ်ကိုပြန်အရောက်မှာ စူပါကစတန် ကားနဲ့ လူငယ်တစ်စုု နောက်မှ လိုုက်လံတိုုက်တာခံရပြီး လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်လေးယောက်ထဲကနေ တပ်ကြပ် ညီညီထွေးက သေဆုုံးပြီး ရဲတပ်သားရဲသီဟကပွန်းပဲ့ဒဏ်ရာရရှိခဲ့ပါတယ်။

ဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာ ဇော်သန့်ကကားမောင်းပြီးထွက်ပြေးခဲ့ပေမယ့်ရဲတပ်ဖွဲ့ဝင်တွေက ညတွင်းချင်းလိုက်လံရှာဖွေဖမ်းဆီးခဲ့ကြရပါတယ်လို့သိရပါတယ်။

ကားနဲ့ တိုုက်ခဲ့တဲ့ ဇော်သန့်ကိုု မြောက်ဒဂုုံမြို့နယ်မှာ ဖမ်းဆီးရမိပြီး ပုုဒ်မ၃၀၄-က/၂၇၉ ယာဉ်မဆင်မခြင်မောင်းနှင်မှု၊၂၀၂အချင်းဖြစ်ရပ်မှ ဆုုတ်ခွာထွက်ပြေးမှု တိုု့နဲ့ ဖမ်းဆီးအရေးယူဆောင်ရွက်ထားတယ်လိုု့ မြောက်ဥက္ကလာ မြို့မရဲစခန်းမှ သိရပါတယ်။

သေဆုံးသူရဲတပ်ညီညီထွေးရဲ့ မိသားစုဝင်တွေဟာ အရက်ဝိုင်းကို အိမ်ပြန်ဖို့ပြောဆိုခဲ့လို့ အညိုးနဲ့ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်လို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့အမှုဖွင့်ထားတာကို မကျေနပ်ခံစားနေကြရပါတယ်။

Source - Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။