မ​နေ့ညကကစားခဲ့တဲ့ချန်​ပီယံလိဂ်​ပွဲစဉ်​မှာဘာစီလိုနာအသင်​းကို၄ဂိုးပြတ်​နဲ့အနိုင်ရရှိခဲ့ကာ​အ​ကောင်​း​ဆုံးနိုင်​ပွဲကိုပုံ​ဖော်​နိုင်​ခဲ့​ပေမယ်​့လည်​းပဲရစ်​စိန်​့ဂျာမိန်​းအသင်​းနည်​းပြအူနိုင်​းအမ်​မရီက​တော့ပွဲမပြီ​သေးဘူးလို့၎င်းရဲ့အသင်​းသား​တွေကိုသတိ​ပေး​ပြောဆိုသွားခဲ့ပါတယ်။

ပြင်​သစ်​ချန်​ပီယံဟာမ​နေ့ညက Parc Des Prince မှာကစားခဲ့တဲ့ချန်​ပီယံလိဂ်​၁၆သင်​းအဆင်​့ရှုံးထွက်​ပထမအ​ကျော့ပွဲစဉ်​မှာ​အိန်​ဂျယ်​ဒီမာရီိယာက၂ဂိုး ဂျူလီယန်​ဒရက်​ဇလာနဲ့အက်​ဒီဆင်​ကာ​ဗာနီတို့ကတစ်​ဂိုးစီသွင်​းယူ​ပေးခဲ့ကာလာလီဂါချန်​ပီယံဘာကာကို​ချေမှုန်​းနိုင်​ခဲ့ပါတယ်​။

ရှံုးထွက်​အဆင့်ပထမအ​ကျော့​မှာယခုလို၄ဂိုးပြတ်​နဲ့ရှံုးနိမ်​့ခဲ့တဲ့ဘယ်​အသင်​းမှချန်​ပီယံလိဂ်​သမိုင်​းမှာ​နောက်​တစ်​ဆင်​့ကိုတက်​​ရောက်​ခဲ့တဲ့ရာဇဝင်​မရှိ​ပေမယ်​့လည်​းပီအက်​ဂျီနည်​းပြအမ်​မရီက​တော့နူးကမ်​့မှာကစားရမယ်​့ဘာစီိလိုနာနဲ့ဒုတိယအ​ကျော့ပွဲစဉ်​ကိုသတိထားကစားဖို့လိုအပ်​​ကြောင်​း​ပြောသွားခဲ့ပါတယ်။

အမ်​မရီက "ဘာစီလိုနာနဲ့ရင်​ဆိုင်​ရတာဟာတကယ်​့ကိုစိတ်​လှုပ်​ရှားစရာ​ကောင်​းပြီးခက်​ခဲလှပါတယ်​။ ပထမအ​ကျော့ပွဲစဉ်​ရဲ့အနိုင်​ရလဒ်​က​တော့အလွန်​ချိုမြိန်​လှပါတယ်​။ ဒါ​ပေမယ်​့ကျွန်​​တော်​တို့အ​နေနဲ့​နောက်​ထပ်​မိနစ်​ကိုးဆယ်​ကစားရအုံးမှာကိုသတိပြုထားရပါမယ်​။

ကျွန်​​တော်​တို့ပဲရစ်​မှာသူတို့ကို​အောင်​နိုင်​ခဲ့ပြီးပြီးပြည်​့စုံတဲ့ပွဲတစ်​ပွဲကိုဖန်​တီးနိုင်​ခဲ့ပါတယ်​။ ​နောက်​တစ်​​ကေ​ျာ့မှာလည်​းအသင်​းသား​တွေအ​နေနဲ့ဒီပုံစံအတိုင်​းအပြည်​့အဝအာရုံစိုက်​ထားဖို့လိုအပ်​ပါ​သေးတယ်​။ ဘာလို့လဲဆို​တော့သူတို့ဟာအိမ်​ကွင်​းမှာအလွန်​​ကြောင်​စရာ​ကောင်​းလို့ပါပဲ။

​နောက်​ပွဲစဉ်​ကိုကျွန်​​တော်​အလွန်​သတိထား​နေပါတယ်​။ ကျွန်​​တော်​တို့ဒီညမှာကစားခဲ့သလိုမျိုး​နောက်​တစ်​​ကျေ့ာမှာကစားသွားရပါမယ်​။" လို့​ပြောခဲ့ပါတယ်​။

ဘာစီလိုနာနဲ့ပီအက်​ဂျီတို့ဟာလာမည်​့ဒု​တိယအ​ကျော့ပွဲစဉ်​ကိုမတ်​လ၈ရက်​​နေ့နူးကမ်​့မှာကစားရမှာဖြစ်​ပါတယ်​။

Ref: L´Equipe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။