တရုတ်နိုင်ငံမှာရှိတဲ့ စမတ်ဖုန်း ကုမ္ပဏီတစ်ခုကနေ တစ်ခါအားသွင်းပီးတိုင်း ရက်ပေါင်း ၅၀ အထိ အသုံးပြုနိုင်တဲ့ ဖုန်း တစ်လုံးကို မိတ်ဆက်ပြသလိုက်ပီပဲ ဖြစ်ပါတယ်။ အဆိုပါဖုန်းရဲ့ နာမည်ကတော့ Blackview P10000 Proဖြစ်ပြီး 11000mAh ရှိတဲ့ ဘက်ထရီ ကိုထည့်ဥွင်းပေးထားပါတယ်။

ဒီပမာဏဟာ သာမန် Power Bank တစ်လုံးထက်တောင် စွမ်းဆောင်ရည် ပိုမြင့်တယ်လို့တောင် ပြောလို့ ရပါတယ်။ ဒါ့အပြင် ဘက်ထရီပမာဏ အလွန်များပြားပေမယ့် အားသွင်းရင် မြန်ဆန်စေတဲ့ 5V5A Quick Charging နည်းပညာပါတဲ့အတွက် အားသွင်းချိန်ဟာ ၂ နာရီနဲ့ ၂၅ မိနစ်သာ ကြာမြင့်ပါတယ်။

သူ့ရဲ့ အခြား စွမ်းဆောင်ရည်တွေကတော့ ၅.၉၉ လက်မ FHD Display ဖြစ်ပြီး Camera ပိုင်းမှာ ဆိုရင်လည်း 16MP+0.3MP Dual Rear Camera နဲ့ 13MP+0.3MP Dual Front Camera များပါပါတယ်။ RAM 4 GB ဖြစ်ပြီး 64GB Internal Storage ပါဝင်တဲ့ အတော်အသင့် သုံးလို့ ကောင်းတဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ဖုန်းကိုတော့ Aliexpress ကနေ ရောင်းချပေးနေပြီး ဈေးနှုန်းကတော့ ၁၉၇.၇၉ ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။