ဂျပန်နိုင်ငံ တိုကျိုမြို့ ၌ ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျင်းပမည့် LETHWEI LEGACY - 2 IN JAPAN ပြိုင်ပွဲကြီးတွင် မြန်မာ့ရိုးရာလက်ဝှေ့တွဲဆိုင်း ခြောက်ဆိုင်း ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သော မြန်မာမီဒီယာ ဂရု (ပ်)မှ သိရသည်။

ထိုပြိုင်ပွဲကြီးတွင် မြန်မာ့ရိုးရာလက်ဝှေ့ ကစားနည်းဖြင့် တွဲဆိုင်းခြောက်ဆိုင်း ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ပြိုင်ပွဲတွင် ကမ္ဘာချန် ပီယံဒေ့လက်ဒပ် (ကနေဒါ)နှင့် ဖိုးကေ(မြန်မာ)၊ ဖျံ သွေး(မြန်မာ)နှင့် ယာမာဇာကီ(ဂျပန်)၊ ရှမ်းကို(မြန်မာ)နှင့် အိုခူဒါ(ဂျပန်)၊ သားအသည်းတစ်ပွင့် (မြန်မာ)နှင့် ယာမာမိုတို(ဂျပန်)၊ စောရာဇာ (မြန်မာ)နှင့် ၅၄ ကီလို ဂျပန်မွေထိုင်းချန်ပီယံ ကိုမူအာ၊ အမျိုးသမီးပွဲအဖြစ် ရွှေစင်မင်း(မြန်မာ)နှင့် ဂျပန်နပမ်းမယ်မိုမိုတို့ပါဝင်ကာ တွဲဆိုင်းခြောက်ဆိုင်းဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ထိုပြိုင်ပွဲကြီးတွင် သွားရောက် ယှဉ်ပြိုင်မည့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာ့ရိုးရာလက်ဝှေ့ကစားနည်းအား ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများရှိ ကမ္ဘာ့လက်ဝှေ့ချန်ပီယံများနှင့် က္ဘာ့နိုင်ငံ အသီးသီးမှ အသိအမှတ်ပြုစေရန် မြန်မာမီဒီယာဂရု(ပ်)နှင့် အပြည်ပြည်ဆိုင်ရာလက်ဝှေ့အဖွဲ့ချုပ်(ဂျပန်)တို့ ပူးပေါင်းစီစဉ် ခြင်းဖြစ်သည်။ ထို့အပြင် ယခု ၂ဝ၁၇ ခုနှစ်အတွင်းတွင် ဂျပန်နိုင်ငံ၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲခြောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)

Ref., MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။