Song Seung-heon

တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Song Seung-heon ကိုတော့ ဆောင်းဦးရွက်ကြွေချစ်သက်သေဇာတ်လမ်းတွဲလေးမှာ ဂျွန်စော ဇာတ်ရုပ်နဲ့မသိတဲ့သူမချစ်တဲ့သူမရှိသလောက်ပါပဲ။ လက်ရှိအချိန်ထိကို တက်သစ်စမင်းသားငယ်လေးတွေနဲ့အပြိုင်နုပျိုနေသေးတဲ့ Song Seung-heon ရဲ့ အသက်ကိုပြောလိုက်မယ်ဆိုရင် ပရိသတ်တွေပိုအံ့သြကြမယ်ထင်ပါတယ်။ 

အရွယ်တင်တဲ့ Song Seung-heon ဟာ (၁၉၇၆)ခုနှစ်မှာမွေးဖွားတာဖြစ်လို့ အခုဆိုရင် သူရဲ့အသက်က (၄၁)နှစ်ဖြစ်နေပါပြီ။ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးနေရဆဲဖြစ်သလို နှုတ်ခမ်းနီမလေးတွေသာမက မမတွေရဲ့ အသဲကျော်အဖြစ် ရပ်တည်နေဆဲပါပဲ။ 

Won Bin

ဂျွန်စောနဲ့ အပြိုင် တစ်နှစ်ထဲတစ်ချိန်ထဲမှာပဲ ထယ်ဆောက် နာမည်နဲ့ ပရိသတ်အားပေးမှုတခဲနက်ရရှိခဲ့သူကတော့ Won Bin ဖြစ်ပါတယ်။ Won Bin ဟာ အသက်(၄၀)လို့ကိုမထင်ရအောင် နုပျိုနေဆဲဖြစ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ရုပ်ရည်မျိူးပါပဲ။ ဆောင်းဦးရွက်ကြွေချစ်သက်သေ ဇာတ်လမ်းတွဲမှာထဲက မင်းသား Song Seung-heon နဲ့အတူ နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်ဝန်းရံမှုတွေရရှိခဲ့တာပါ။ 

So Ji-sub

တောင်ကိုရီးယားနာမည်ကျော်မင်းသားSo Ji-sub ကတော့ ဖန်ခြွေနင်းတဲ့ယမင်းရွှေစင် ဇာတ်လမ်းတွဲနဲ့ ဘတ်ချောအွန်း ဆိုပြီး မြန်မာပရိသတ်တွေကြား နာမည်ကျော်ခဲ့တာဖြစ်ပါတယ်။ သူကလည်း မင်းသား Woo Bin လိုပဲ (၁၉၇၇)ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ သူတို့နှစ်ဦးက မွေးရက်မတူပေမယ့် ခုနှစ်တော့ တူပါတယ်။ ဒါကြောင့် သက်တူရွယ်တူတွေဖြစ်တဲ့ သူတို့တွေကတော့ လက်ရှိအချိန်ထိ အရွယ်တင်နုပျိုကြပြီး အနုပညာလောကမှာ ထိပ်တန်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဘယ်သူ့ကို အချစ်ဆုံးလဲ ပြောခဲ့ပါဦးနော်။ 

Source: Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။