Jaden Smith ကတော့ အသက်(၂၀) ရှိပြီ ဖြစ်တဲ့ ရက်ပါအဆိုတော်လေး ဖြစ်ပြီး အမေရိကန် ဟောလိဝုဒ်မင်းသား will Smith ရဲ့ သားအကြီးတစ်ယော်ကဖြစ်ပါတယ်။ အဖေဖြစ်သူ will Smith ဟာ အောင်မြင်တဲ့ ဟောလီဝုဒ် သရုပ်ဆောင် တစ်ဦး ဖြစ်တာကြောင့်Jaden ရဲ့ ဂီတလမ်းဟာ အခက်အခဲ မရှိခဲ့သလို 2009 ခုနှစ်မှာ "Pursuit of Happiness" ဆိုတဲ့ ဇာတ်လမ်း နဲ့ Jaden ရဲ့ပထမဆုံးသရုပ်ဆောင် ဘဝကို စတင်ခဲ့ပါတယ်။

2014 ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးသီချင်းဖြစ်တဲ့ "Never Say Never" သီချင်းကို အဆိုတော် Justin Bieber နဲ့ သီဆိုခဲ့ပြီး Jaden ဟာ ကမ္ဘာအချမ်းသာဆုံး ကလေးများ စာရင်းမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ မော်ဒယ်လ် တစ်ဦး ဖြစ်သလို အောင်မြင်တဲ့ ရက်ပါအဆိုတော် ၊မင်းသား တစ်ဦးလည်း ဖြစ်တာကြောင့် လက်ရှိမှာ မိန်းကလေး ပရိသတ်တွေ စိတ်ကူးယဉ်ရတဲ့ လူငယ်လေးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အောင်မြင်တဲ့ အရည်အချင်းနဲ့ အတူ စတိုင်လ်ကျလွန်းတဲ့ Jaden ဟာ မိန်းမလှလေး(၇) ယောက်နဲ့ ချစ်သူ ဖြစ်ခဲ့ဖူးပြီး သူ့ရဲ့ နောက်ဆုံးထားရှိခဲ့တဲ့ ချစ်သူကတော့ အသက်(၁၇)သာ ရှိသေးတဲ့ မင်းသမီး Odessa Adlon ဖြစ်ပါတယ်။ သူတို့ဟာ 2017 ခုနှစ် အကုန် မှာ စတင်ဒိတ်လုပ်ခဲ့ပေမဲ့လည်း Whodate who websites အရ လက်ရှိမှာတော့ Jaden Smith ရဲ့ profiles ဟာ single လို့ ဖော်ပြနေတာ ဖြစ်ပါတယ်။

source: http://www.whosdatedwho.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။