Troye Sivan ကတော့ 1995 ခုနှစ် ၊ဇွန်လ မှာ မွေးဖွားခဲ့တဲ့ အသက်(၂၃) နှစ် အရွယ် အဆိုတော် တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ California ပြည်နယ်၊ Los Angeles မြို့မှာ နေထိုင်ပါတယ်။ Pop၊ synth-pop နဲ့electropop အမျိုးအစား သီချင်းကို သီဆိုသူဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင် Channels မှာ Subscriber 6.4 million ရရှိထားသူလည်းဖြစ်ပါတယ်။

အသက်ငယ်ရွယ်သေးသလို အချိန်နဲ့ တပြေးညီအောင်မြင်မှု ရရှိခဲ့တဲ့ Troye Sivan ဟာ Ariana Grande နဲ့ သီချင်းတွေလည်း သီဆိုခဲ့ပြီး သူသီဆိုခဲ့တဲ့ TRXYE (2014) ဆိုတဲ့ သီချင်းဟာ Billboard 200 နံပါတ်(၅) နေရာက ရောက်ရှိခဲ့ဖူးပါတယ်။ 2016 ခုနှစ် MTV Europe Music Awards မှာလည်း Best Australian Actနဲ့Best Worldwide Actဆု အပြင် အခြားသောဆုများလည်း ရရှိခဲ့သူဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာ ခေတ်စားခဲ့တဲ့ " Strawberries and cigratties " သီချင်းဟာ လည်း လူကြိုက်များခဲ့သလို ဒီသြဂုတ်လ(၃၁) ရက်နေ့မှတော့ Troye Sivan ရဲ့ သီချင်း Album သစ် ဖြစ်တဲ့ Bloom ဆိုတဲ့ သီချင်း Album ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်း Album မှာ-

1. "Seventeen"

2. "My My My!"

3. "The Good Side"

4. "Bloom"

5. "Postcard" (featuring Gordi)

6. "Dance to This" (featuring Ariana Grande)

7. "Plum"

8. "What a Heavenly Way to Die"

9. "Lucky Strike"

10. "Animal"

သီချင်း အပုဒ်ရေ စုစုပေါင်း(၁၀) ပုဒ်ပါဝင်ပါတယ်။

source: ww.justjaredjr.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။