ပရိသတ်အချစ်တော်နှစ်ယောက်ဖြစ်တဲ့ အဆိုတော်ရဲရင့်အောင်နဲ့ သရုပ်ဆောင်ဧငြိမ်းဖြူတို့ ချစ်သူစုံတွဲနှစ်ယောက် Oppo F9 မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ နှစ် ယောက်လုံးက အရမ်းကိုလိုက်ဖက်ပြီး ကြည့်ကောင်းလွန်းနေပါတယ် ပရိသတ်ကြီးရေ။ အမြဲ လိုလို ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ကျီစယ်နေကြတဲ့ နှစ်ယောက်သားရဲ့အချစ်ရေးလေးဟာ တကယ်ကိုကြည်နူးစရာပါပဲ။

တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုချစ်ကြပြီး Romantic ဆန်တဲ့အပြုအမူလေးတွေက လည်း ပရိသတ်တွေကို အားကျစေပါတယ်။ အမြဲလိုလို စကားများပေမယ့် မခေါ်ပဲမနေနိုင်ကြ တဲ့ ချစ်စရာစုံတွဲလေးပါပဲ။ လက်တွဲလာတဲ့အချိန်တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုချစ်ကြပြီး တစ်ယောက်ပြုံးပျော်ဖို့အတွက် တစ်ယောက်က အမြဲလိုလိုဖြည့်ဆည်းပေး တဲ့ ချစ်စရာကောင်းတဲ့ စုံတွဲလေးပါပဲ။

နှစ်ယောက်သားရဲ့ပွဲတက်ပုံရိပ်တွေကို ဓာတ်ပုံဆရာနေမင်းထွန်းက အမိုက်စားရိုက်ကူးပေး ထားတာဖြစ်လို့ တကယ်ကိုအားကျကြည်နူးဖို့ကောင်း တဲ့ ရိုမန်းတစ်ဆန်ဆန်ပုံရိပ်လေးတွေ ထွက်ပေါ်လို့လာပါတယ်။ ပန်းရောင်မင်းသမီးလေးဧငြိမ်းဖြူနဲ့ ခပ်ချောချောအဆိုတော် မင်းသား လေး ရဲရင့်အောင်တို့နှစ်ယောက် ဘယ်လိုတွေလိုက်ဖက်နေလဲဆိုတာတော့ ပုံရိပ်လေးတွေ က သက်သေပါပဲနော်။

Source : Nay Min Tun (Amazing Grace)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။