ကမ္ဘာကျော် ပေါ့ခ် အဆိုတော်ဖြစ်တဲ့ Lady GaGa ဟာ 2009 ခုနှစ်မှာ The Fame ဆိုတဲ့ သီချင်းမှာ ပါဝင်ခဲ့တဲ့ "Just Dance" and "Poker Face" သီချင်းတို့ဟာ The Fame Monster (2009) သီချင်း Album မှာ ပါဝင်ခဲ့တဲ့ "Bad Romance", "Telephone" နဲ့ "Alejandro" သီချင်းတို့ဟာ 2009ခုနှစ်မှာ ကမ္ဘာကျော် လူသိများ အောင်မြင်ခဲ့ပါတယ်။2001ခုနှစ်က နေ အဆိုတော်တစ်ဦး အဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး ဂီတလောကမှာ နှစ်ပေါင်း( ၁၇) နှစ် ရှိပြီ ဖြစ်ပါတယ်။

Lady Gaga ကတော့ အသက်(၃၂) နှစ်ရှိပြီ ဖြစ်တဲ့ အမေရိကန် အဆိုတော်မလေး ဖြစ်ပြီး Greatest Women in Music စာရင်းမှာ နံပါတ်(၄) နေရာမှာ ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။သူမဟာ New York Universityမှာ Collaborative Arts Project 21 (CAP21) ဆိုတဲ့ ဂီတ ဘာသာရပ်ကို လေ့လာခဲ့ပြီး 2007ခုနှစ်မှာ Akon က Interscope Records နဲ့ သူမကို လက်မှတ်ထိုးနိုင်ဖို့ အကူအညီပေးခဲ့တာ ဖြစ်ပါတယ်။

2009 ခုနှစ်မှာ အရမ်းကို အောင်မြင်လာတဲ့ အဆိုတော် တစ်ဦး ဖြစ်လာခဲ့ပြီးနောက် တကယ့်ကို မျက်စိနောက်စရာ၊ စိတ်မသက်သာစရာ ကောင်းတဲ့ ဖက်ရှင်လ်တွေကို ဝတ်ဆင်တတ်သူဖြစ်ပြီး မကြာခဏဆိုသလို ဖက်ရှင်လ်ကြောင့် စင်ပေါ်မှာ ၊ပွဲမှာ ချော်လဲပြီး အရှက်ကွဲရသူလည်း ဖြစ်ါပတယ်။ လက်ရှိမှာတော့ သူမဟာ အီတလီနိုင်ငံ ၊ ဗင်းနင်းမြိုကလေးကို အလည် ရောက်ရှိနေတာ ဖြစ်ပြီး အမြန်လှေလေးပေါ်က တည်ငြိမ်ရင့်ကျက်ပြီး တကယ့်ကို အေးချမ်းတဲ့ Lady GaGaရဲ့အလှကို တွေ့မြင်ရမှာပါ။ သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့" A Star Is Born " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဒီနှစ် 2018 ခုနှစ် အောက်တိုဘာလ မှာ စတင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

SOURCE: Lady gaga goddess;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။