မင်းသမီးဆောင်းဟေဂိုကိုတော့ မြန်မာနိုင်ငံက ပရိတ်သတ်တွေစိမ်းနေမှာမဟုတ်ပါဘူး ။ သူမရိုက်ကူးသမျှဇာတ်ကားတိုင်းက မြန်မာပရိတ်သတ်တွေ အကြိုက်နဲ့ထပ်တူကျနေတာမို့ အောင်မြင်မှုတွေရရှိခဲ့လို့ပါ ။ သူမလေးကတော့ ချစ်တဲ့သူနဲ့ အိမ်ထောင်ပြုပြီး အနုပညာအလုပ်တွေ အတူတူလုပ် သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်နေရပါပြီ ။ ဆောင်းဟေဂိုရဲ့ ထင်ရှားတဲ့ အရာတစ်ခုကတော့ နုပျိုလှပခြင်းပါပဲ ။ သူမရဲ့ အသက်နဲ့ မလိုက်အောင် နုဖတ်နေတဲ့ အသားအရေနဲ့ ကြည်လင်တဲ့ မျက်နှာလေးအတွက် သူမဘာတွေ လုပ်သလဲဆိုတာ သိချင်တဲ့ ပရိတ်သတ်တွေ များပြားလှပါတယ် ။ ဒါကို သိတဲ့ ဆောင်းဟေဂိုက သူမနုပျိုခြင်းရဲ့ လျို ့ဝှက်ချက်ကို ဝေမျှပေးခဲ့တာပါ ။ 

တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ SINA ရဲ့ ဖော်ပြချက်အရ ဩဂုတ်လ (၂၉)ရက်နေ့ကဟောင်ကောင်တွင် ပြုလုပ်ကျင်းပခဲ့တဲ့ Beauty Event တစ်ခု မှာကိုးရီးယားမင်းသမီးဆောင်းဟေဂိုက တရုတ်မီဒီယာများနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ် ။

အပြစ်ကင်းစင်ပြီး ချောမွတ်လှပတဲ့ အသားအရေကိုပိုင်ရှင် မင်းသမီးဆောင်းဟေဂို ရဲ့ အလှတရားလျှိုဝှက်ချက်များကို မေးမြန်းတဲ့အခါ သူမက ဒီလိုပဲပြောပြသွားခဲ့ပါတယ် ။"ကျွန်မက ကျွန်မရဲ့ အားလပ်ချိန်တွေမှာအတတ်နိုင်ဆုံး မိတ်ကပ် မလိမ်းဖြစ်အောင်ကြိုးစားတယ်။

ပြီးတော့လူမှုရေးအရ ကျွန်မသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ မှာလည်း မိတ်ကပ်အနည်းငယ်သာ လိမ်းဖြစ််အောင် ကြိုးစားပါတယ်ဆိုပြီး ပြန်လည် ဖြေကြားသွားပါတယ်။

ဒါအပြင် သူမက သူမနေ့စဉ်ပြုလုပ်တတ်တဲ့ အလေ့အထ လေးတွေကိုလည်း

"ကျွန်မက အသက်၃၀မပြည့်ခင် က အစားအသောက်နဲ့ပတ်သက်ပြီး ရှောင်ရှားတာ မရှိပဲ အကုန် စားပါတယ် ဒါပေမဲ့ အသက် (၃၀) ပြည့် တဲ့နောက်ပိုင်းမှာတော့ စပြီးတော့ control လုပ်ခဲ့တယ်လို့ ထပ်လောင်းပြောကြားသွားပါတယ်။ 

"ကျွန်မက ကျွန်မရဲ့ အားလပ်ချိန်တွေမှာအတတ်နိုင်ဆုံး မိတ်ကပ် မလိမ်းဖြစ်အောင်ကြိုးစားတယ်။

ပြီးတော့လူမှုရေးအရ ကျွန်မသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ မှာလည်း မိတ်ကပ်အနည်းငယ်သာ လိမ်းဖြစ််အောင် ကြိုးစားပါတယ်ဆိုပြီး ပြန်လည် ဖြေကြားသွားပါတယ်။

ဒါအပြင် သူမက သူမနေ့စဉ်ပြုလုပ်တတ်တဲ့ အလေ့အထ လေးတွေကိုလည်း

"ကျွန်မက အသက်၃၀မပြည့်ခင် က အစားအသောက်နဲ့ပတ်သက်ပြီး ရှောင်ရှားတာ မရှိပဲ အကုန် စားပါတယ် ဒါပေမဲ့ အသက် (၃၀) ပြည့် တဲ့နောက်ပိုင်းမှာတော့ စပြီးတော့ control လုပ်ခဲ့တယ်လို့ ထပ်လောင်းပြောကြားသွားပါတယ်။ 

ဒါ့အပြင် ကျွန်မက Diet တွေနဲ့ လေ့ကျင့်ခန်းတွေ ကို လုပ်နေပါတယ်။

ကျွန်မ နေ့တိုင်းအပြေးလေ့ကျင့်ခန်းကိုလုပ်ဖြစ်တယ်။ ပြီးတော့ အခြေခံ ယောဂလေ့ကျင့်ခန်းတွေကိုလုပ်ဖြစ်ပါတယ်။

ရာသီဥတုသာယာရင်ကျွန်မ ကျွန်မရဲ့အိမ်နားက ပန်းခြံမှာလမ်းလျှောက်ဖြစ်ပါတယ်"ဆိုပြီး ထပ်ပြီးဖြေကြားသွားပါသေးတယ် ။

ဒါတွေကတော့ သူမ နုပျိုရခြင်းရဲ့ လျို ့ဝှက်ချက်တွေပါတဲ့ ။ သူမလို လှချင်ရင်လိုက်လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်နော် ။ 

သတင်းအရင်းမြစ် SINA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။