တောင်ကိုရီးယားရဲ့အနုပညာရှင်တော်တော်များများဟာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်လေ့ရှိတာမို့ သူတို့ရဲ လက်ရှိပုံရိပ်တွေနဲ့ အနုပညာလောကထဲမဝင်ခင်က ငယ်ဘဝပုံရိပ်တွေဟာ အရမ်းကွာခြားလွန်းနေတာတွေ့ရမှာပါ။ ခွဲစိတ်ပြုပြင်မှုလုပ်ထားတဲ့မင်းသမီးတွေထဲမှာ

"What wrong with secretary kim" ဇာတ်လမ်းတွဲလေးနဲ့ ပိုပြီး လူသိများလာတဲ့ မင်းသမီးချော Park Min Young တစ်ယောက်လည်းပါဝင်နေတယ်လို့ကိုရီးယားသတင်းဌာနအချို့ကဖော်ပြဖူးပါတယ်။

ပတ်မင်ယောင်းဟာ အသက်(၃၂)နှစ်ရှိပေမယ့် အရွယ်နဲ့မလိုက်အောင်နုပျိုလှပတဲ့မျက်နှာနဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အတွင်းရေးမှုးမလေးကင် ဇာတ်ရုပ်နဲ့အတော်လေးလိုက်ဖက်ညီပြီး ပရိသတ်တွေရဲ့အချစ်တွေအများကြီးရလိုက်တာဖြစ်ပါတယ်။

သူမ မကြာခဏပြောဖူးတာကတော့ သူမဟာ မူလတန်းကျောင်းတက်တုန်းကဆိုရင် သူမကိုသူမ မလှဘူးလို့ထင်နေခဲ့ပေမယ့် မင်းသမီးလုပ်ချင်တဲ့ဆန္ဒကပြင်းပြတဲ့အတွက် မျက်နှာလှလှလေးပိုင်ဆိုင်ချင်တယ်လို့ ဆိုပါတယ်။ ရုပ်ချောတဲ့အထဲမပါဝင်တဲ့ သူမကိုသူမ ရုပ်ရည်နဲ့ပတ်သက်ပြီး ယုံကြည်မှုနည်းတဲ့အခိုက်အတန့်တွေကြောင့် စိတ်ဓာတ်ကျခဲ့ရတဲ့နေ့တွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း မျက်နှာခွဲစိတ်ပြုပြင်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတော်တော်များများရိုက်ကူးခဲ့ရပြီး အနုပညာလောကထဲမှာ ပရိသတ်ချစ်တဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့သူမရဲ့ တစ်ချိန်က ပုံရိပ်တွေနဲ့ လက်ရှိပုံရိပ်တွေကို နှိုင်းယှဉ်ပြီးဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးရော အတွင်းရေးမှှုးကင်လေးကို မလှဘူးဆိုရင်ရော ချစ်မှာလား။

Wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။