ကိုရီးယားနိုင်ငံရဲ့ အချစ်တော် မင်းသားချောလေးတစ်လက်ဖြစ်တဲ့ Park Bo Gum ကတော့ ရိုးသားဖော်ရွေမှုတွေကြောင့် Anti Fan တောင်မရှိသူလို့ နာမည်ကြီးပါတယ် ။ သူ့ရဲ့ ပရိတ်သတ်တွေလည်း မြန်မာနိုင်ငံမှာတော်တော်များများရှိမှာပါ ။ မင်းသားလေးကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေရင်းနဲ့ အောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူနိုင်နေခဲ့သူလည်းဖြစ်ပါတယ် ။ သူ့အကြောင်းတွေထဲက စိတ်ဝင်စားစရာလေးတွေကို Myanmarload ပရိတ်သတ်တို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ် ။ 

Park Bo Gum က မိသားစုမှာအငယ်ဆုံးသားလေးပါ ။ အငယ်ဆုံးမို့ အခွင့်အရေးအပေးခံရဆုံးဖြစ်ပေမယ့် တကိုယ်ကောင်းမဆန်တတ်ဘဲ သိတတ်လိမ္မာတဲ့ Park Bo Gum ရဲ့ အကျင့်လေးတွေကြောင့် လူချစ်လူခင်ပေါများရခြင်းဖြစ်ပါတယ် ။

“Bo-gum” ဆိုတဲ့နာမည်လေးကတော့ အဖိုးထိုက်တန်တဲ့ ဓါးကလေးလို့ အဓိပ္ပါယ်ရပါတယ်တဲ့ ။

သူ့ရဲ့ မိခင်ကတော့ သူငယ်ငယ်လေးထဲက ဆုံးပါးသွားခဲ့တာပါ ။

သူအသက်ငါးနှစ်ထဲက စန္ဒယားတီးသင်ခဲ့ပါတယ် ။ 

သူက Church မှာ ပင်တိုင်စန္ဒယား တီးသူလဲ ဖြစ်ပါတယ် ။

ဂီတကို၀ါသနာပါတဲ့ သူက အစမှာတော့ အဆိုတော် - သီချင်းရေးဆရာဖြစ်ချင်တဲ့သူက အနုပညာလမ်းကြောင်းထဲ ၀င်စဉ်မှာတော့ စိတ်ပြောင်းလဲသွားခဲ့ပြီး မင်းသားလုပ်ဖို့ကိုပဲရွေးချယ်ခဲ့ပါတယ် ။

သူကကျောင်းမှာလည်း စာတော်တဲ့ကျောင်းသားတစ်ယောက်ပါ ။ ကျောင်းကိုယ်စားပြုတစ်ယောက်အဖြစ် university’s cultural overseas exchange program မှာလည်း ပါ၀င်ခွင့်ရခဲ့ပါတယ် ။ ဒါကြောင့်မို့ ကျောင်းသားဘဝထဲက အင်္ဂလန် ၊ ပြင်သစ် ၊ အီတလီနဲ့ ဆွစ်ဇာလန် တို့ကို သွားရောက်ခွင့်ရခဲ့သူပါ ။ 

သူ့ရဲ့ အခင်မင်ဆုံးမိတ်ဆွေတွေကတော့ BTS က V နဲ့ မင်းသား Song Joong-ki.တို့ဖြစ််ပါတယ် ။

နောက်ဆုံးအချက်ကတော့ နှုတ်ခမ်းနီမလေးတွေ အသိချင်ဆုံး မေးခွန်းဖြစ်မယ်ထင်ပါတယ် ။

Park Bo Gum သဘောကျတဲ့ မိန်းကလေးပုံစံကတော့ သူ့အတွက် သူငယ်ချင်းလို သက်တောင့်သက်သာ ရှိတဲ့ ဆက်ဆံရေးမျိုးကို ပေးနိုင်ပြီး အမေ့လို ဂရုစိုက်ပေးနိုင်သူ

ကိုလက်ထပ်ချင်ပါတယ်တဲ့ ။ လိုချင်တာလေးကလည်း ရိုးရှင်းလိုက်တာနော ။ သူ့ကိုအားပေးတဲ့သူတွေရှိလားဗျိုး ။ 

သတင်းအရင်းမြစ် ilovekstar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။