ပရိသတ်ကြီးရေ ချစ်သုဝေကတော့ ချိုသာတဲ့အသံလေးနဲ့ ပရိသတ်ရင်ကိုအေးစေတဲ့ အဆိုတော်၊ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိခဲ့တဲ့အပြင် ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ သူမက အခုချိန်မှာတော့ မိသားစုနဲ့အေးချမ်းစွာ နေထိုင်နေတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ချစ်သမီးချောလေးတွေကိုလည်း မိခင်ဝတ္တရားတာဝန်တွေ မလစ်ဟင်းရအောင် အမြဲဂရုစိုက်ပေးလေ့ရှိပါတယ်။

ချစ်သုဝေက ခေတ်နဲ့သစ်တို့မေမေဆိုပေမယ့် သူမရဲ့အလှတရားတွေကတော့ အပျိုပေါက်လေးတစ်ဦးလို နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ အခုလည်း ချစ်သုဝေက ခေးတို့မပါဘဲ မန္တလေးကို တစ်ကိုယ်တော်ခရီးထွက်နေတာ ဖြစ်ပာတယ်။ မြန်မာတို့ရဲ့ ရှေးခေတ်ကတည်းက ယနေ့ထိ တန်ဖိုးထားမြတ်နိုးရတဲ့ မန္တလာမြေမှာ ချစ်သုဝေက မြန်မာမလေးပီပီ ယဉ်ကျေးသိမ်မွေ့စွာ အလှတွေပိုနေတာ တွေ့ရပါတယ်။

ချစ်သုဝေက ''Trezaချစ်သော မန္တလေး...ဘာမှမမြဲလွန်းတော့ ရှေးမူမပျက် ရသလေးရှိနေတုန်း အမြန်ရိုက်ထားရတဲ့ဘဝပါကွယ်..'' ဆိုတဲ့စာသားလေးနဲ့အတူ မန္တလေးရွှေမြို့တော်က ကုသိုလ်တော်ဘုရားမှာ ဓာတ်ဖမ်းခဲ့တဲ့ ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးအလှလေးတွေနဲ့ ခေးမေတစ်ယောက် အရမ်းကို လှနေတာတွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်သုဝေရဲ့ မြန်မာဆန်ဆန်အလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။