မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့မြန်မာပြည်ရဲ့ မင်းသမီးတွေထဲမှာ ကောက်ကြောင်း အလှပဆုံးနဲ့ သူမရဲ့ ကိုယ်ခန္ဓာအချိုးအစားကို အထိန်းသိမ်းနိုင်ဆုံး မင်းသမီးတစ်လက် လို့ဆိုရမှာပါ။ တကယ့် Gym ကို ကြိုးကြိုးစားစား နဲ့ အပင်ပန်းခံ လေ့ကျင့် ဆော့ပြီးသူမရဲ့ လက်ရှိ အလှအပ တရားကို ထိန်းသိမ်းထားနိုင်သူ ဖြစ်ပါတယ်။

သူမရဲ့ ဖက်ရှင်လ် နဲ့ Life Style ကတော့ တကယ့်ကို အင်တာနေရှင်နယ် ဆန်ပြီး အနေအထိုင် Hot သူလေး ဖြစ်ပေမဲ့လည်း ဘုရားတရား မမေ့တဲ့ မြန်မာမိန်းကလေး တစ်ယောက်လို့ ဆိုမယ် ဆိုရင် လဲ မမှားပါဘူးနော်။ လက်ရှိမှာတော့ သင်ဇာဟာ မွန်ပြည်နယ်၊ ကျိုက်ခမီစေတီတော်ဘုရားကို သူ့ရဲ့ အနုပညာမောင်နှ ၊ မိတ်ဆွေများ နဲ့ အလည်အပတ်ရောက်ရှိလို့နေတာ ဖြစ်ပြီး တကယ့်ကို မယုံကြည်နိုင်လောက်အောင် တည်ငြိမ်အေးချမ်းလှပနေတာဖြစ်ပါတယ်။

အဖြူရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားပြီး ပုဝါတထည်ကို ပခုံးမှာ တင်လို့ မိုးဖွဲဖွဲ ကျနေတဲ့ မိုးမှုန်တွေကြားမှာတောင် တကယ့်ကို ဖြူစင်ပြီး လှပနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ သင်ဇာအနေနဲ့ ဝတ်စားဆင်ယင်မှု နဲ့ ပတ်သက်လို့ ဝေဖန်မှု တွေ တချို့ ရှိခဲ့ပေမဲ့လည်း ခုလိုမြန်မာဆန်ဆန် လှပနေတော့ တကယ်ကို စိတ်ချမ်းမြေ့ စရာကောင်းပြီး အေးချမ်းနေတာ ဖြစ်ပါတယ်နော်..။

source: Thin Zar Wint Kyaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။