အနုပညာလောကမှာ ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ဆယ်စုနှစ် တစ်ခုတိုင် အောင် အောင်မြင်ကျော်ကြားနေဆဲဖြစ်တဲ့ အနုပညာရှင်ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ လူပျိုကြီး စိုင်းစိုင်း နဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ “ပဉ္စလက်ရွာ” ဇာတ်ကားမှာ ရေဝတီအဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထား မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ “ပဉ္စလက်ရွာ” ဇာတ်ကားမှာ ရေဝတီအဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထား တဲ့ ရှမ်းမလေးတို့ ကတော့ ရှုတင်တစ်ခုမှာ ဆုံဆည်းခဲ့ကြပါတယ် ။

စိုင်းစိုင်းကတော့ ကဗျာဆန်ဆန် စာဆန်ဆန်လေးတွေ ရေးတင်လေ့ရှိတဲ့သူတစ်ယောက် ဖြစ်သလိုမကြာသေးမီကမှ နန်းစန္ဒာလှထွန်းတစ်ယောက် စိုင်းစိုင်းရဲ့ပိုးစ်အောက်မှာ " Love u Sai Sai Khan Leng " ဆိုပြီး မှတ်ချက်ပေးရေးသားခဲ့တာကြောင့် စိုင်းစိုင်းရဲ့ မိန်းကလေး ပရိသတ်တွေကြားမှာ ဂယက်ထခဲ့ပါသေးတယ် ။

အခုလည်း ရှုတင်တစ်ခုမှာ ရှမ်းအဝတ်စားလေးတွေနဲ့ရိုက်ကူးရေးလုပ်နေတဲ့ သူမက စိုင်းစိုင်းနဲ့ နှစ်ယောက်တွဲပုံကိုတင်ပြီး " Shooting လေးတစ်ခုပါဘဲ " ဆိုတဲ့ စာသား လေး နဲ့အတူ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

ချစ်ပရိသတ်ကြီးအတွက် စိုင်းနဲ့နန်းရဲ့ ရှမ်း ဝတ်စုံလေးတွေနဲ့ ရှုတင်ရိုက်ကွင်းပုံရိပ်လေးတွေ ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

ချစ်ပရိသတ်ကြီးကလည်း ရှမ်းဝတ်စုံလေးတွေနဲ့ အရမ်းလိုက်ဖက်နေတဲ့ အနုပညာရှင် တွေဖြစ်တဲ့ စိုင်း နဲ့ နန်းကို အားပေးလိုက်ကြပါဦးနော် ။

Source : Nansandar Hla Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။