လတ်တလောမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုခံနေရတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ စုံတွဲ လေးကတော့ ရွှေမှုန်ရဲ့ညီမဖြစ်သူ ငွေမှုန်ရတီနဲ့အတူ အပျော်ကြီး ပျော်နေကြတဲ့ ဗီဒီယို တွေကလူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီး မုန့်တွေစားပြီး အပြုံး တွေဖလှယ်နေပုံက တကယ်ကို ရိုလွန်းပါတယ်နော် ပရိသတ်ကြီးရေ ..။

ဝေဖန်တိုက်ခိုက်မှုတွေရှိနေပေမယ့် တွဲထားတဲ့လက်တွေကို လုံးဝမဖြုတ်ပဲ တစ်ယောက်ကို တစ်ယောက် အကဲပိုအောင်ကိုချစ်နေကြတာ ဖြစ်ပြီး ရွှေမှုန်ကတော့ သူ့ရဲ့လက်ရှိ RS လေးကို ချစ်လို့မဝပါဘူးတဲ့ ။

မကြာသေးမီကမှ ရွှေမှုန်က သူမရဲ့ Instagram မှာ နှစ်ယောက်သားကြည်ကြည်နူးနူး အနမ်းတွေ ဖလှယ်နေခဲ့ကြတဲ့ ဗီဒီယိုလေးကို တင်ခဲ့ပါတယ် ။

ဝေဖန်တိုက်ခိုက်မှုတွေကို ဂရုမစိုက်ဘဲ တစ်ယောက်ကို တစ်ယောက် ယုံယုံကြည် ကြည် ချစ်မြတ်နိုးနေကြတာတော့ တကယ်ကို အားကျစရာပါဘဲ နော် ။

အချေမလေး ရွှေမှုန်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ရွှေထူးတို့ရဲ့ အချစ်ရေးက တော့ ဝေဖန်မှုတွေကြောင့် အနည်းငယ်ခက်ခဲနေကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး လက်တွဲတွေ မြဲသွားကြမယ်လို့ ကြေငြာထားတဲ့ သူတို့ရဲ့အချစ်ရေးလေးက ကြည်နူးစရာပါဘဲနော် ။

ရွှေစုံတွဲကို ချစ်တဲ့ ပရိသတ်ကြီး အတွက် သူမတို့နှစ်ယောက်ရဲ့ အနမ်းတွေခြွေပြီး ကြည်နူးနေတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော် ။

Source : Shwe Mhone Yati Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။